သုတေသီဘ၀ရဲ့ တစ်နေ့တာ
ပညာရှိတစ်ယောက်ဖြစ်လာဖို့ စိတ်ဝင်စားပါသလား။ Wynee ကနေ ဝေမျှပေးနေတဲ့ “ဘ၀ရဲ့တစ်နေ့တာ“ဆောင်းပါးတွေက တကယ့်လက်တွေ့မှာအလုပ်လုပ်နေကြတဲ့ ပရော်ဖက်ရှင်နယ်တွေရဲ့ နေ့စဉ်ဘ၀တွေကို ဖော်ပြပေးတဲ့အတွက် ကိုယ့်အနေနဲ့ အင်တာဗျူးတွေအတွက် သို့မဟုတ် အလုပ်ခွင်ဘ၀အတွက် ကောင်းမွန်အောင်ပြင်ဆင်ထားနိုင်ပါတယ်။ Stony Brook University က သုတေသီတစ်ဦးဖြစ်သူ Min Ting Wu ရဲ့ ဘ၀တစ်နေ့တာအကြောင်းကို Wynee က အောက်မှာဖော်ပြပေးလိုက်ပါတယ်။
Min Ting Wu က Stony Brook University မှာ ငွေကြေးဆိုင်ရာစီးပွားရေးဘာသာရပ်ကို အဓိကဦးတည်ပြီး စီးပွားရေး၊ သင်္ချာဘာသာရပ်နဲ့ အသုံးချစာရင်းအင်းပညာရပ်တွေကို လေ့လာသင်ယူနေတဲ့ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ Stony Brook University မှာ သုတေသီတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ သူရဲ့အတွေ့အကြုံကို ဝေမျှပေးထားပါတယ်။ Min Ting က ခေတ်သစ်အမေရိကန်နိုင်ငံမှာ ထောင်စုနှစ်လူသားမျိုးနွယ်တွေကြားမှာ အိမ်ထောင်ပြုမှုနှောင့်နှေးလာတဲ့အပြောင်းအလဲအပေါ် စိတ်ဝင်စားပါတယ်။ သူရဲ့သုတေသနဆိုင်ရာစိတ်ပါဝင်စားမှုတွေမှာ ငွေကြေးပိုင်းဆိုင်ရာစီးပွားရေး၊ ပိုးပန်းမှုနဲ့ လက်ထပ်ခြင်း၊ သင်္ချာဘာသာရပ်ဆိုင်ရာဖော်ပြချက်နဲ့ ငွေကြေးပိုင်းမှာ ယင်းရဲ့အသုံးဝင်မှုတွေအပေါ် အဓိကထားတဲ့ လုပ်ငန်းနဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာမှုတွေပါဝင်ပါတယ်။ သူက လက်ရှိမှာ သုတေသပရောဂျက်သုံးခုကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ တစ်ခုက သူကိုယ်တိုင် အတွက်ဖြစ်ပြီး ကျန်နှစ်ခုကို ပရော်ဖက်ဆာတွေ၊ လုပ်ငန်းနယ်ပယ်က ပရော်ဖက်ရှင်နယ်တွေနဲ့အတူ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းနဲ့ စာရင်းကိုင်လုပ်ငန်းနယ်ပယ်တွေမှာ လုပ်ဆောင်နေပါတယ်။ အောက်မှာတော့ သုတေသီတစ်ယောက်အနေနဲ့ သူ့ရဲ့တစ်နေ့တာဘ၀ကို ဖော်ပြလိုက်ပါတယ်။
သူ လက်ရှိလုပ်ဆောင်နေတဲ့ သုတေသနတွေထဲက တစ်ခုက 10-K အစီရင်ခံစာတွေ (United States Securities & Exchange Commission ကို နှစ်စဉ် မဖြစ်မနေတင်ရတဲ့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးလုပ်ဆောင်ချက်အကြောင်း ပြည့်ပြည့်စုံစုံပါတဲ့အနှစ်ချုပ် အစီရင်ခံစာ)နဲ့ လုပ်ငန်းဆိုင်ရာဗန်းစကားအသုံးအနှုန်းတွေရဲ့ နားလည်ရခက်ခဲမှုတွေက စတော့ဈေးတွေ မြင့်မြင့်မားမားကျဆင်းနေတဲ့အန္တရာယ်နဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို လေ့လာပြီး စတော့ဈေးတန်ဖိုးကျရှုံးမှုပေါ်မှာ ငွေကြေးပိုင်းဆိုင်ရာအစီရင်ခံစာတွေ မရှင်းလင်းမှုရဲ့အကျိုးသက်ရောက်မှုကို စိစစ်လေ့လာရပါတယ်။ ရှုပ်ထွေးတဲ့ငွေကြေးဆိုင်ရာ အစီရင်ခံစာတွေကို တင်ပြတဲ့အခါ အလုပ်ရှင် (Client)တွေကဆီကရလာတဲ့ သဘောမကျတဲ့အချက်အလက်တွေကို မန်နေဂျာတွေက ဖုံးကွယ်ထားတဲ့အတွက် ဖုံးထားတဲ့မကောင်းသတင်းတွေ စုပုံတာကနေ စတော့ဈေးကျဆင်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ သုတေသန ပရောဂျက်အတွင်း Min Ting အသုံးပြုတဲ့အရာအချို့တွေက ငွေကြေးဆိုင်ရာအစီရင်ခံစာရှုပ်ထွေးမှုရဲ့ သက်ရောက်မှုကို စစ်ဆေးနိုင်မယ့် စာသားအကြောင်းအရာရဲ့ ဇာစ်မြစ်ကို တူးဖော်ခြင်း၊ အချက်အလက် တွေကို ခွဲခြားစိတ်ဖြာခြင်း၊ သင်္ချာနည်းဆိုင်ရာစာရင်းအင်းတွေ၊ ပုံဖော်ခြင်း၊ အပြန်အလှန်ခွဲခြမ်းစိတ်ဖြာမှုတွေဖြစ်ပါတယ်။
တက္ကသိုလ်တော်တော်များများက သုတေသနနဲ့ ပတ်သက်ရင် ပညာရပ်ဆိုင်ရာထောက်ပံ့မှုတွေကို အများကြီးပေးပါတယ်။ သုတေသနဆိုင်ရာအတွေ့အကြုံက အဖိုးအထိုက်တန်ဆုံး ကောလိပ်အတွေ့အကြုံတွေထဲက တစ်ခုဖြစ်ပါတယ်။ သုတေသနက ကျောင်းသားတွေအနေနဲ့ ဗဟုသုတတွေများပြားလာစေပြီး သူတို့ရဲ့စိတ်ဝင်စားချက်တွေကို သိရှိစေပါတယ်။ လူတော်တော်များများ အတွက်တော့ သုတေသနဆိုတာက ဓာတ်ခွဲခန်းထဲမှာ အလုပ်လုပ်ခြင်းလို့ အဓိပ္ပါယ်ရှိပါတယ်။ အဲဒါက မမှန်ပါဘူး။ သုတေသနကို ကိုယ့်အခန်းထဲမှာပဲ စုစည်းထားတဲ့အချက်အလက်တွေကို အသုံးပြုပြီး ဥပမာ-အကြောင်းအရာရဲ့ဇာစ်မြစ်လေ့လာခြင်းကတစ်ဆင့် အပြောင်းအလဲတွေကို စစ်ဆေးခြင်း၊ ရလဒ်ကို ခန့်မှန်းခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။
- နံနက် ၆ နာရီမှ ၇ နာရီခွဲထိ
အိပ်ရာထ၊ အီးမေးလ်တွေအားလုံးကို အကြောင်းပြန်။ အဆင်သင့်ပြင်ဆင်ပြီး ကျောင်းဝင်းထဲသွားပါတယ်။
- နံနက် ၇ နာရီခွဲမှ ၉ နာရီထိ
အစည်းအဝေးတွေနဲ့ ပွဲတွေရှိ၊မရှိ ပြက္ခဒိန်မှာ စစ်။ အချက်အလက်တွေကို သက်ရောက်မှုရှိရှိ စုစည်းပြီး ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ Python၊ MATLAB နဲ့ R ကုဒ်တွေကို ရေးပါတယ်။ အပြောင်းအလဲတွေကို ကြိုတင်မှန်းဆနိုင်ဖို့ စုစည်းထားတဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အစည်းအဝေးတွေနဲ့ အကြောင်းအရာတင်ပြခြင်းတွေအတွက် ပုံဖော်ပြခြင်းတွေကတစ်ဆင့် အချက်အလက်တွေကို အသက်ဝင်လာစေပါတယ်။ R ကုဒ်ရေးရတာကို ပိုနှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ R က လွတ်လပ်၊ သြဇာရှိ၊ လိုက်လျောညီထွေရှိပြီး ဂရပ်တွေ၊ စာရင်းအင်းခွဲခြမ်းစိတ်ဖြာမှုတွေအများအပြားကို လုပ်နိုင်စေပါတယ်။ စာရင်းအင်းတွေ ကို လေ့လာနေတဲ့ကျောင်းသူတစ်ယောက်၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုတွေ၊ ဂရပ်အသုံးပြုမှုတွေ၊ စာရင်းအင်းဆိုင်ရာတွက်ချက်မှုတွေ အများအပြားကို လုပ်နေရတဲ့ သုတေသနတစ်ယောက်အတွက် R က အကောင်းဆုံးသူငယ်ချင်းဖြစ်ပါတယ်။
- နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိ
အတန်းတက်ပါတယ်။
- နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီထိ
သူငယ်ချင်းတွေနဲ့ နေ့လယ်စာစားတယ်။ ပရော်ဖက်ဆာတွေနဲ့ တွေ့ဆုံပြီး ကျွန်မရဲ့ သုတေသနပရောဂျက်တွေကို စစ်ဆေးစေပြီး Update အခြေအနေတွေကို အသိပေးပါတယ်။ Update တွေရှိမရှိ အီးမေးလ်စစ်ပြီး အီးမေးလ်တွေကို အကြောင်းပြန်တယ်။
- မွန်းလွဲ ၁ နာရီကနေ ၂ နာရီ ၂၀ မိနစ်ထိ
Stony Brook University ရဲ့ Department of Sociology အောက်မှာ ပရော်ဖက်ဆာတွေကို ကူညီပြီး Lecture တွေ ပေးပါတယ်။ ကမ္ဘာတစ်ဝှမ်းက ခေတ်သစ်လူမှုရေးပြဿနာတွေ (မြို့ပြနေသူတွေများပြားလာခြင်း၊ အလုပ်အကိုင်မရရှိခြင်း၊ မှုခင်းတွေစသဖြင့်)နဲ့ နိုင်ငံတိုင်းက ကမ္ဘာအဆင့်ဖြစ်စဉ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာတွေကို သင်တယ်၊ စိစစ်လေ့လာတယ်။
- မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ကနေ ၃ နာရီ ၅၀ မိနစ်ထိ
တက္ကသိုလ်စာကြည့်တိုက်မှာ အချိန်ပိုင်းအလုပ်လုပ်တယ်။ အထူးသဖြင့် စာရေးသူရဲ့ မူပိုင်ခွင့်တွေကို ကာကွယ်ဖို့၊ ပညာသင်ဆုတွေ၊ သုတေသနတွေနဲ့ ပညာရပ်ဆိုင်ရာဂျာနယ်တွေကို လေ့လာဖို့၊ သုတေသနအချက်အလက်တွေကို အကျိုးရှိရှိထိန်းသိမ်းရင်းနဲ့ ဝေမျှဖို့အတွက် ပရော်ဖက်ဆာတွေ၊ သုတေသနပြုသူတွေနဲ့ လုပ်ဆောင်ပါတယ်။ ပရော်ဖက်ဆာတွေနဲ့ သုတေသနပြုသူတွေရဲ့ မူပိုင်ခွင့်ကို ကာကွယ်ဖို့က အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့စာတမ်းအတွက် အများကြီးအားထုတ်ထားရတာ ဖြစ်ပါတယ်။ ဒါအပြင် ပညာရှိတွေ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံခွင့်ရဖို့၊ သူတို့တွေနဲ့ တွေ့ဆုံနိုင်အောင် ကူညီပေးဖို့ အတွက် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေရှိ တခြားအဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေက စာကြည့်တိုက်မှူးတွေနဲ့လည်း နီးနီးကပ်ကပ် အလုပ်လုပ်ပါတယ်။
- ညနေ ၄ နာရီမှ ၅ နာရီ ၂၀ မိနစ်ထိ
စာရင်းအင်းနဲ့ R Coding Lectures
- ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲထိ
ကျွန်မတို့ရဲ့ သုတေသန Update တွေနဲ့ အချက်အလက်စုဆောင်းခြင်းလုပ်ငန်းစဉ်ကို တိုးတက်စေနိုင်မယ့်နည်းလမ်းတွေအတွက် ပရော်ဖက်ဆာတွေ၊ လုပ်ငန်းဆိုင်ရာ ပရော်ဖက်ရှင်နယ်တွေနဲ့ အပြင်မှာ လူချင်း၊ ဒါမှမဟုတ် Skype ပေါ်ကနေ တွေ့ဆုံပါတယ်။
- ညနေ ၆ နာရီခွဲမှ ၇ နာရီထိ
ညစာစား၊ အိမ်အလုပ်လုပ်။
- ည ၇ နာရီမှ ၉ နာရီထိ
အတန်းအတွက် Powerpoint Slide တွေကို ပြန်လေ့လာ၊ သင်ရိုးစာအုပ်တွေဖတ်ပါတယ်။
- ည ၉ နာရီမှ ၁၀ နာရီထိ
မနက်တုန်းက ရေးခဲ့တဲ့ ကုဒ်တွေထဲက Bug တွေကို ရှင်းတယ်။ စာရင်းအင်းတွေကောင်းကောင်းထွက်ပေါ်လာဖို့ အချက်အလက်စုဆောင်းတဲ့စနစ်တွေကို တိုးတက်အောင်လုပ်။
- ည ၁၀ နာရီမှ ၁၀ နာရီခွဲထိ
ကျမ်းစာဖတ်၊ အိပ်ရာဝင်။
နိဂုံးချုပ်အနေနဲ့
သုတေသနတစ်ယောက်အနေနဲ့ အလုပ်လုပ်ရတဲ့ တစ်နေ့တာက တော်တော်အလုပ်များနိုင်ပြီး ပြဿနာတွေကလည်း အချိန်နဲ့အမျှ ရှိတတ်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မကတော့ ဘယ်လောက်အလုပ်များများ တစ်ရက် ရှစ်နာရီအိပ်ပါတယ်။ ကျန်းမာရေးက ကျွန်မရဲ့ အဓိကဦးစားပေးဖြစ်ပါတယ်။ အနှစ်ချုပ်အနေနဲ့ တစ်နေ့တာကုန်ဆုံးချိန်မှာ ကိုယ် အလုပ်ပြီးချင်တဲ့အရာတွေကို အရင်ဆုံးဦးစားပေးလုပ်ဖို့ အရေးကြီးပါတယ်။ ကျွန်မရဲ့ သုတေသန၊ စာသင်ခြင်းနဲ့ စာကြည့်တိုက်အလုပ်တွေအပြင် ကျွန်မမှာ လုပ်စရာ ကျောင်းစာတွေလည်းရှိပါတယ်။ ဒါကြောင့် အလုပ်နဲ့ ဘ၀ နေထိုင်မှုမျှခြေရှိဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတရံ စိတ်ဖိစီးမှုတွေရှိနေရင်တောင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ ဘုရားကျောင်းသွားတာတွေကို ကျွန်မ ပုံမှန်လုပ်ဆောင်ပါတယ်။ တစ်နေ့တာ ကုန်ဆုံးတဲ့အချိန်မှာ အလုပ်တွေကြောင့် ကျွန်မတို့ဟာ ဘ၀ရဲ့တခြားအစိတ်အပိုင်းတွေကနေ ဝေးကွာမသွားသင့်ဘူးလို့ ကျွန်မသိနားလည်ပါတယ်။