Are You Spending Your Time the Right Way
Are You Spending Your Time the Right Way
Help & Support Management Upgrade Yourself
[Zawgyi]
[Unicode]
သင့်ရဲ့အချိန်တွေကို မှန်ကန်တဲ့နည်းနဲ့ အသုံးချနေရဲ့လား?
“လူတိုင်းက တစ်နေ့မှာ ၂၄နာရီ ပိုင်ဆိုင်ကြပါတယ်။” ဒီစာကြောင်းကို လေးလေးနက်နက် တွေးကြည့်ပါ။ အချိန်ဆိုတဲ့ ဝေါဟာရဘက်ကကြည့်ရင် သင်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်ပါတယ်။ လူတိုင်းက တစ်နေ့တာအတွက် ညီတူညီမျှတဲ့ အချိန်ရရှိထားကြပါတယ်။ သင်ရရှိထားတဲ့ သင့်ရဲ့အချိန်ကို ဘယ်လိုအသုံးချလဲဆိုတဲ့အပေါ် မူတည်ပြီး သင်ဘယ်လိုလူမျိုး ဖြစ်လာမလဲဆိုတာကို ပုံဖော်နိုင်ပါတယ်။
“အချိန်ဆိုတာ ငွေပါ” လို့ ဆိုကြတယ်။ တကယ်တော့ အချိန်ဟာ ငွေထက်ပို တန်ဖိုးကြီးပြီး ပြန်လည်အစားထိုးလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့တွေက အာရုံပျက်လွယ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ အချိန်တွေကို facebook၊ အကျိုးမရှိတဲ့ ဖျော်ဖြေမှုတွေ၊ မလိုလားအပ်တဲ့ လူမှုရေး လုပ်ဆောင်ချက် သို့မဟုတ် အချိန်ဖြုန်းခြင်းတွေအပေါ်မှာ အလွန်သုံးကြပါတယ်။ တခါတရံမှာ ခဏလောက်ရပ်ပြီး “ငါ့ရဲ့အချိန်တွေကို မှန်ကန်စွာ အသုံးချနေရဲ့လား” ဆိုတဲ့ ရိုးရှင်းတဲ့မေးခွန်းကို မေးဖို့မေ့နေကြတယ်။
ရလဒ်တွေအပေါ်မှာ အာရုံထားပါ။
အကျိုးရလဒ်တွေအပေါ် အခြေခံတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ခြင်းက အာရုံရှုပ်ထွေးစေတဲ့အလုပ်တွေ သို့မဟုတ် အကျိုးမရှိတဲ့ လုပ်ဆောင်ချက်တွေကို တားဆီးနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ နောက်ဆုံးအဆင့် ထွက်ပေါ်လာတဲ့အရာအပေါ် အာရုံထားခြင်းက လုပ်ဆောင်ချက်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းတဲ့အခါမှာ ရှုပ်ထွေးစေမယ့်အစား စဉ်ဆက်မပျက် တွေခေါ်မှုအလေ့အထတွေကို ပိုပြီး တွန်းပို့ပေးနိုင်ပါတယ်။ ရလဒ်ဆိုတာ ကြည်လင်ပြတ်သားမှု၊ engagement နှင့် အလုပ်ရဲ့အရည်အသွေးတို့ပဲဖြစ်တယ်ဆိုတာကို မမေ့ပါနှင့်။ နေ့ရက်တိုင်းရဲ့ အဆုံးမှာ အရေးကြီးဆုံးက ရလဒ်တစ်ခုတည်းသာဖြစ်ပြီး အဲဒါကသင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပိုပြီး နီးကပ်လာစေနိုင်ပါတယ်။
ကိုယ့်အတွက်ကိုယ် ရင်နှီးမြှုပ်နှံပါ။
နေ့စဉ်အလုပ်တာဝန်တွေနဲ့ပဲ ရှုပ်ထွေနေသည့်အပြင် ကိုယ့်ကိုယ်ကို ရင်နှီးဖို့အတွက် သင့်ရဲ့အချိန်တွေကို စီမံခန့်ခွဲဖို့လည်း အရေးကြီးပါတယ်။ အနာဂတ်အတွက် အနားယူဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့၊ မှန်ကန်သင့်တော်တဲ့မေးခွန်းတွေမေးဖို့၊ သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့၊ အဖိုးတန်တဲ့ စာအုပ်တွေ ဖတ်ဖို့၊ network ချဲ့ထွင်ဖို့၊ အခြားသူတွေကို ပံ့ပိုးကူညီဖို့၊ relationship မှာ ရင်းနှီးဖို့နဲ့ စဉ်းစားတွေးတောဖို့၊ စီစဉ်ဆောင်ရွက်ဖို့ နှင့် ကြိုတင်ဆောက်ရွက်ဖို့အတွက် အချိန်တွေရှိတယ်ဆိုတာကို ဆန်းစစ်ပါ။ အဲဒီလုပ်ဆောင်ချက်တွေက ကျွနု်ပ်တို့ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေခြင်း၊ ဗဟုသုတနှင့်အမြော်အမြင်တွေ လေ့လာဆည်းပူးခြင်း နှင့် ကောင်းမွန်တဲ့ဖော်ထုတ်ခြင်းကို ထောက်ပံ့ပေးပါတယ်။ ဒီနည်းလမ်းမှာ သင်က တိုးတက်မှုအတွက် ခိုင်မာတဲ့ platform တစ်ခုကို တည်ဆောက်နေတာ  ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့အတွက် ကိုယ့်စည်းကိုယ့်ကမ်းနှင့် နေတတ်အောင် ပြောင်းလဲပါ။
လူတွေက လွယ်ကူတဲ့ နည်းလမ်းနဲ့ ဖြတ်လမ်းတွေနဲ့ သွားဖို့ ဆွဲဆောင်ခံကြရတယ်။ ဒါပေမယ့် ကိုယ်စိတ်အားထက်သန်တဲ့ပန်းတိုင်ကို ရောက်အောင် လုပ်ဆောင်ခြင်းက ကိုယ့်ကိုယ်ကို အဲဒီပန်းတိုင်ကို ရောက်အောင် သွားနိုင်တဲ့ စွမ်းဆောင်ရည် ရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ပြောင်းလဲဖို့လိုအပ်ပါတယ်။ မေးခွန်းက “သင့်ကိုယ်သင် တိုးတက်အောင် ဘယ်လို ပြောင်းလဲမလဲ။” စိတ်မကောင်းစွာပဲ ကိုယ့်ကိုပြောင်းလဲဖို့အတွက် လမ်းကူတဲ့ ဖြတ်လမ်းဆိုတာ မရှိပါဘူး။ ကိုယ့်စည်းကိုယ်ကမ်းနှင့်နေတာက ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့အတွက် လိုအပ်တဲ့အရာဖြစ်ပြီး စည်းကမ်းရှိခြင်းအလေ့အထကို တိုးတက်အောင် လုပ်ဆောင်ခြင်းက သိသာထင်ရှားပြီး အကျိုးရှိတဲ့ ပြောင်းလဲမှုကို သယ်ဆောင်လာပေးနိုင်ပါတယ်။
စာရေးသူ ကိုမျိုးသူက San Francisco Bay မှ မြန်မာအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယခုလောလောဆယ်မှာ နည်းပညာဖွံ့ဖြိုးမှုအတွက် genetic engineering မှာ  ပြည်သူလူထုအတွက် cell ရောဂါကုထုံး အထောက်အကူဖြစ်ဖို့သူရဲ့အချိန်တွေကို နှစ်မြှစ်ထားပါတယ်။
Are You Spending Your Time the Right Way
“Everyone has 24 hours in a day!”  Think about the statement deeply. In terms of time, you are as rich as the richest person in the world.  Everyone has equal time for a day - how you use this resource will shape the person that you become.
There is saying “Time is Money”.  In fact, time is more valuable than money and unreplaceable.  
Still, we are wired to be easily distracted, so we spend too much time on Facebook, low value entertainments, unnecessary social activities, or procrastinating.  Sometime we forget to pause and ask a sample question, “ Are you spending your time the right way?”
Focus on Outcomes
Using outcome based activity can help avoid distracting work streams or low value actions. Focusing on an end-product can drive you to a linear mindset rather than be busy trying to move from one activity to another. Please remember outcome is the result of clarity, engagement and quality of work. At the end of each day, only outcome that matters and it will bring closer to long term goal. 
Invest in Yourself
Apart from being busy with daily obligations, it is also important to allocate time to invest in yourself.   Ensure that you have time to rest, maintain good health, ask right questions, improve yours skills, read valuable books,  network, contribute to others, invest in relationships and think, plan and prepare for future. These activities help us find inspiration, acquire knowledge and wisdom, and good exposure.  In a way, you are building a strong platform for exponential growth.
Develop Self-discipline for Self-transformation
Human beings are attracted to easy way outs and shortcuts.  But achieving your ambitious goals requires transforming yourself into a person who is capable of achieving them. The question is “how to transform yourself”.  Unfortunately, there is no easy shortcut for self transformation. Self-discipline is the essential tool for self transformation and developing the habit of discipline can bring dramatic and sustainable change.  
The author, Ko Myo Thu, is a burmese engineer from San Francisco Bay Area, currently, dedicating his time to new technology developments in genetic engineering to enable cell therapy for the masses.