Book Reflection: Death By Meeting by Peter Lencioni

Book Reflection: Death By Meeting by Peter Lencioni

Business Help & Support Management Upgrade Yourself

Wynee စာအုပ္အညႊန္း- စာေရးသူ Peter Lencioni ရဲ႕ Death by Meeting

Wynee ရဲ႕ စာအုပ္အညႊန္းတင္ဆက္မႈအပိုင္းဆက္မွာ ျမန္္မာႏိုင္ငံက ပေရာ္ဖက္ရွင္နယ္ေတြက Wynee ရဲ႕ လူ႕အဖြဲ႕အစည္းအတြက္ ေခတ္နဲ႔အညီ ေနာက္ဆံုးေပၚအေတြးအေခၚေတြ၊ အေတြးအျမင္ေတြပါ၀င္တဲ့ စာေရးဆရာေတြကို ယူေဆာင္လာေပးတဲ့ ေခါင္းစဥ္အလိုက္ စာအုပ္ေတြကို အညႊန္းေရးေပးတာျဖစ္ပါတယ္။

အလားအလာရွိတဲ့ အမႈေဆာင္အရာရွိခ်ဳပ္ေတြ၊ စီမံခန္႔ခြဲမႈပိုင္းဆိုင္ရာ ရာထူးျမင့္မားသူေတြအတြက္ စာေရးသူ Peter Lencioni ရဲ႕ Death by Meeting: A Leadership Fable … about Solving the Most Painful Problem in Business စာအုပ္က အစည္းအေ၀းေတြကို ဘယ္လိုလုပ္ေဆာင္သင့္တယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ျပန္လည္စဥ္းစားဆင္ျခင္ရာမွာ အင္မတန္အသံုး၀င္ပါတယ္။ ေခါင္းစဥ္မွာ ေဖာ္ျပထားသလိုပဲ ေျခာက္ကပ္ကပ္နဲ႔ ပ်င္းစရာေကာင္းတယ္လို႔ မၾကာခဏရႈျမင္ၾကတဲ့အစည္းအေ၀းေတြကို နည္းမွန္လမ္းမွန္နဲ႔သာ လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ တကယ္ကို စိတ္၀င္စားဖြယ္အျပည့္ရွိၿပီး ေပ်ာ္ဖို႔ေကာင္းတဲ့အထိျဖစ္လာႏိုင္တယ္လိို႔ Lencioni က ေျပာျပထားပါတယ္။

ဒီစာအုပ္ထဲမွာ Lencioni က မၾကာေသးခင္ကမွ လုပ္ငန္းစုႀကီးႀကီးတစ္ခုကေန ၀ယ္ယူခံခဲ့ရတဲ့ ဂိမ္းကုမၸဏီ Yip Software ရဲ႕ CEO ျဖစ္သူ Casey ရဲ႕ အစည္းအေ၀းေတြကို တိုးတက္မႈရွိေအာင္နဲ႔ ၀န္ထမ္းေတြကို စိတ္အားထက္သန္မႈရွိလာေအာင္ ႀကိဳးပမ္းခဲ့တဲ့ဇာတ္လမ္းကို ေျပာျပပါတယ္။ ဒီဇာတ္လမ္းထဲမွာ Casey ကို ကူေပးေနတဲ့ အရည္အခ်င္းရွိတဲ့ လူငယ္အလုပ္သင္လည္းျဖစ္၊ ရုပ္ရွင္ပိုင္းမွာ ဘြဲ႔ရတစ္ဦးလည္းျဖစ္တဲ့ Will ဆိုတာရွိပါတယ္။ Will က အစည္းအေ၀းေတြကို ရုပ္ရွင္ေတြနဲ႔ ႏိႈင္းယွဥ္ၿပီး Casey ကို  ကူညီဖို႔ ႀကိဳးစားပါတယ္။

Will က ဘာေျပာလဲဆိုရင္ ရုပ္ရွင္ေတြထက္ အစည္းအေ၀းေတြက ပိုၿပီးေတာ့ ေပ်ာ္ဖို႔ေကာင္းသင့္ပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အစည္းအေ၀းေတြမွာ လူေတြက တစ္ဦးနဲ႔တစ္ဦး ထိေတြ႔ပတ္သက္ေနရၿပီး ပါ၀င္သူေတြေပၚမွာ တိုက္ရိုက္သက္ေရာက္မႈရွိေနေပမယ့္ ရုပ္ရွင္ေတြမွာက်ေတာ့ ပရိသတ္ေတြက တိုက္ရိုက္မရွိေနဘူးလို႔ ေျပာပါတယ္။ အစည္းအေ၀းေတြက ပ်င္းစရာေကာင္းၿပီး အက်ဳိးရလဒ္မထြက္ဘူးဆိုတာက ရုပ္ရွင္ကားေကာင္းတစ္ခုမွာရွိတဲ့ ဇာတ္ထုပ္ပဋိပကၡနဲ႔ ဇာတ္လမ္းရဲ႕ဖြဲ႕စည္းပံု ဆိုတဲ့ အဓိကအခ်က္ႏွစ္ခ်က္မရွိတဲ့အတြက္ေၾကာင့္လို႔ Will က ေထာက္ျပပါတယ္။ အစည္းအေ၀းေတြမွာ ပါ၀င္တဲ့အသင္းအဖြဲ႔အေနနဲ႔ ပြင့္ပြင့္လင္းလင္းပါ၀င္ေဆြးေႏြးႏုိင္တဲ့ ပဋိပကၡဆိုတာ အၿမဲတမ္းရွိသင့္တယ္လို႔ Will က ေျပာပါတယ္။

ဖြဲ႔စည္းပံုနဲ႔ပတ္သက္ၿပီး အသင္းအဖြဲ႔ေတြအေနနဲ႔ ေန႔စဥ္မွတ္တမ္း၊ အပတ္စဥ္ဗ်ဴဟာ၊ လစဥ္မဟာဗ်ဴဟာနဲ႔ သံုးလတစ္ႀကိမ္သံုးသပ္မႈ ဆိုၿပီး အစည္းအေ၀းပံုစံ ေလးမ်ဳိးရွိတယ္လို႔ Will က ေျပာပါတယ္။ အစည္းအေ၀း တစ္ခုခ်င္းစီရဲ႕ အခ်ိန္နဲ႔ ဖြဲ႔စည္းပံုက ယင္းရဲ႕ရည္ရြယ္ခ်က္နဲ႔ ကိုက္ညီသင့္ပါတယ္။ ေအာက္ပါဇယားက အစည္းအေ၀းေလးမ်ဳိးရဲ႕ဖြဲ႔စည္းပံုအႏွစ္ခ်ဳပ္ကို ေဖာ္ျပေပးထားပါတယ္။

 

ေန႔စဥ္မွတ္တမ္း

အပတ္စဥ္ဗ်ဴဟာ

လစဥ္မဟာဗ်ဴဟာ

သံုးလတစ္ႀကိမ္

သံုးသပ္မႈ

ၾကာခ်ိန္

၅ - ၁၀ မိနစ္

၄၅ - ၉၀ မိနစ္

၂ - ၄ နာရီ

၁ - ၂ ရက္

ႀကိဳတင္ျပင္

ဆင္ရမယ့္အစီအစဥ္

မလိုအပ္

မလိုအပ္၊

အစီအစဥ္ကို အစည္း အေ၀းမွာ ဆံုးျဖတ္ရန္

လိုအပ္

လိုအပ္

သုေတသနလိုအပ္၊ မလိုအပ္

မလို

မလို

လိုအပ္

လိုအပ္

ရည္ရြယ္ခ်က္၊ ပံုစံ

ေန႔စဥ္အခ်ိန္ဇယားနဲ႔လုပ္ေဆာင္ခ်က္

ေတြကို ေ၀မွ်ရန္

အပတ္စဥ္လုပ္ ေဆာင္ခ်က္ေတြနဲ႔ တိုင္းတာခ်က္ေတြကို သံုးသပ္ရန္နဲ႔ နည္းဗ်ဴဟာဆိုင္ရာ အဟန္႔အတားေတြနဲ႔ ျပႆနာရပ္ေတြ ကိုေျဖရွင္းရန္

ေရရွည္မွာ ေအာင္ျမင္မႈကို သက္ေရာက္ႏိုင္တဲ့ အေရးႀကီးတဲ့ျပႆနာ ရပ္ေတြကို ေဆြးေႏြး၊ ပိုင္းျခား စိတ္ျဖာ၊ စဥ္းစားၿပီး ဆံုးျဖတ္ ခ်က္ခ်ရန္

မဟာဗ်ဴဟာ၊ ယွဥ္ၿပိဳင္ႏိုင္တဲ့ အေနအထား၊ လုပ္ငန္းရဲ႕ ေျပာင္းလဲမႈေတြ၊  အဓိကပါ၀င္သူ ေတြ၊ အသင္းအ ဖြဲ႔တိုးတက္ေရး ေတြကို ျပန္လည္ သံုးသပ္ရန္

တျခားမွတ္ခ်က္မ်ား

ထိုင္ၿပီး မလုပ္ပါနဲ႔

မဟာဗ်ဴဟာနဲ႔ဆိုင္တဲ့ ျပႆနာရပ္ ေတြကို မေျဖရွင္းပါနဲ႔

အေရးေပၚကိစၥရပ္ ေတြအတြက္ လိုအပ္ သလို စီစဥ္ႏိုင္

အခ်ိန္ဇယားကို အလြန္အမင္းဖြဲ႔ စည္းတာ၊ ၀န္ထုပ္ ၀န္ပိုးျဖစ္ေအာင္ မလုပ္ပါနဲ႔

 

ဒါက ပ်င္းရိစရာေကာင္းတဲ့ေခါင္းစဥ္ကို စိတ္၀င္စားဖြယ္ေကာင္းတဲ့နည္းနဲ႔ တင္ျပထားတဲ့ ဖတ္သင့္တဲ့စာအုပ္ျဖစ္ပါတယ္။ ဒါက အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ အဖြဲ႔အစည္းေတာ္ေတာ္မ်ားမ်ားမွာ အေရးပါတဲ့ ကိစၥရပ္တစ္ခုျဖစ္တဲ့ ပဋိပကၡကို ေၾကာက္တဲ့စိတ္ကို အသင္းအဖြဲ႔အေနနဲ႔ ဘယ္လိုေျဖရွင္းမလဲဆိုတာကို မေဖာ္ျပထားပါဘူး။ Lencioni ရဲ႕ နည္းလမ္းေတြက အဲဒီလိုပဋိပကၡေတြကို သင့္တင့္မွ်တစြာေတြးေတာဆင္ျခင္ႏိုင္တဲ့ ေခါင္းေဆာင္ေကာင္းတစ္ဦးရွိဖို႔ပဲျဖစ္ပါတယ္။ အဲဒီလိုမ်ဳိးေခါင္းေဆာင္ တစ္ေယာက္မရွိဘဲနဲ႔ အစည္းအေ၀းကေန ပိုေကာင္းတဲ့ရလဒ္ေတြရရွိဖို႔ ဘာေတြလုပ္ႏို္င္လဲဆိုတာက ရွင္းရွင္းလင္းလင္း နားမလည္ႏိုင္ပါဘူး။ ပဋိပကၡဆိုတာ မေကာင္းတဲ့အရာမဟုတ္ဘူး၊ အဲဒါက မွန္ကန္တဲ့ဦးတည္ခ်က္အတြက္ ေျခလွမ္းတစ္လွမ္းပဲဆိုတာကို ၀န္ထမ္းေတြနဲ႔ စီမံခန္႔ခြဲမႈပိုင္းကပုဂၢိဳလ္ေတြႏွစ္ဖက္လံုးက လက္ခံရပါမယ္။

က်င့္သံုးဖို႔ ဒုတိယအသံုး၀င္တဲ့ေလ့က်င့္ခန္းတစ္ခုက ေဆြးေႏြးဖို႔လိုအပ္ေနတဲ့ ကိစၥရပ္ပံုစံအမ်ဳိးမ်ဳိးကို အစည္းအေ၀းတစ္မ်ဳိးထဲမွာ ထည့္သြင္းလိုက္တာမ်ဳိးကို ေရွာင္ၾကဥ္ရပါမယ္။ အလုပ္ခြင္မွာ ဒီလိုမ်ဳိးေတြပဲ အခ်ိန္တိုင္းျဖစ္ေနတယ္ဆိုရင္ ဥပမာအေနနဲ႔ အပတ္စဥ္အစည္းအေ၀းမွာဆုိရင္ မဟာဗ်ဴဟာက်က်ေျဖရွင္းရမယ့္ကိစၥရပ္ေတြကို ေနာက္ လစဥ္၊ သို႔မဟုတ္ သံုးလတစ္ႀကိမ္ အစည္းအေ၀းမွာ ေသေသခ်ာခ်ာေျဖရွင္းဖို႔အတြက္ ေဘးမွာခ်န္ထားတဲ့ စည္းကမ္းကို ထားထားသင့္ပါတယ္။ ဒါက အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုမၸဏီရဲ႕အသံုးစရိ္တ္ ေပၚလစီ၊ ဒါမွမဟုတ္ ၿပိဳင္ဘက္ေတြနဲ႔ ပူးေပါင္းသင့္မပူးေပါင္းသင့္ စတဲ့ အေရးႀကီးမႈအတိုင္းအတာမတူတဲ့ ေခါင္းစဥ္ေတြၾကားမွာ ဟိုေရာက္လိုက္၊ ဒီေရာက္လုိက္ ေဆြးေႏြးဖို႔က အေတာ္ဆံုးအမႈေဆာင္အရာရွိေတြအတြက္ေတာင္ ခက္ခဲပါတယ္။

ၿခံဳငံုေျပာရမယ္ဆိုရင္ အစည္းအေ၀းေတြအေနနဲ႔ အက်ဳိးျဖစ္ထြန္းသင့္သေလာက္ မျဖစ္ထြန္းေစတဲ့ မထင္မရွားျပႆနာရပ္ေတြကို ေျဖရွင္းႏိုင္ဖို႔ Lencioni က ႀကိဳးစားထားပါတယ္။ ၀န္ထမ္းေတာ္ေတာ္မ်ားမ်ားက ေၾကာက္ရြံ႕ၾကတဲ့ လုပ္ေဆာင္ခ်က္တစ္ခုနဲ႔ စတင္ျခင္းအားျဖင့္ ကုမၸဏီရဲ႕လုပ္ငန္းယဥ္ေက်းမႈပုံစံကို တိုးတက္ေအာင္လုပ္ဖို႔ရည္မွန္းထားတဲ့သူေတြအတြက္ ဒီစာအုပ္က ဖတ္ရမယ့္စာအုပ္ဆိုတာ ယံုမွားသံသယ ျဖစ္စရာမလိုပါဘူး။

Sugasini Kandiah က ရန္ကုန္ၿမိဳ႕မွာ ႏွစ္ႏွစ္ေက်ာ္ၾကာ အလုပ္လုပ္ကိုင္ေနတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈပိုင္းဆိုင္ရာ ပေရာ္ဖက္ရွင္နယ္တစ္ဦးျဖစ္ပါတယ္။ သူက ျမန္မာႏိုင္ငံရဲ႕ သမိုင္းေၾကာင္းကို သင္ယူရတာကို သေဘာက်ၿပီး ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ဖြံ႕ၿဖိဳးတိုးတက္မႈခရီးစဥ္မွာ တစ္စိတ္တစ္ေဒသအေနနဲ႔ ပါ၀င္ရတဲ့အတြက္ ေပ်ာ္ရႊင္ပါတယ္။

[Unicode}

Wynee စာအုပ်အညွှန်း- စာရေးသူ Peter Lencioni ရဲ့ Death by Meeting

Wynee ရဲ့ စာအုပ်အညွှန်းတင်ဆက်မှုအပိုင်းဆက်မှာ မြန်မာနိုင်ငံက ပရော်ဖက်ရှင်နယ်တွေက Wynee ရဲ့ လူ့အဖွဲ့အစည်းအတွက် ခေတ်နဲ့အညီ နောက်ဆုံးပေါ်အတွေးအခေါ်တွေ၊ အတွေးအမြင်တွေပါဝင်တဲ့ စာရေးဆရာတွေကို ယူဆောင်လာပေးတဲ့ ခေါင်းစဉ်အလိုက် စာအုပ်တွေကို အညွှန်းရေးပေးတာဖြစ်ပါတယ်။

အလားအလာရှိတဲ့ အမှုဆောင်အရာရှိချုပ်တွေ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ရာထူးမြင့်မားသူတွေအတွက် စာရေးသူ Peter Lencioni ရဲ့ Death by Meeting: A Leadership Fable … about Solving the Most Painful Problem in Business စာအုပ်က အစည်းအဝေးတွေကို ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားဆင်ခြင်ရာမှာ အင်မတန်အသုံးဝင်ပါတယ်။ ခေါင်းစဉ်မှာ ဖော်ပြထားသလိုပဲ ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကောင်းတယ်လို့ မကြာခဏရှုမြင်ကြတဲ့အစည်းအဝေးတွေကို နည်းမှန်လမ်းမှန်နဲ့သာ လုပ်ဆောင်နိုင်မယ်ဆိုရင် တကယ်ကို စိတ်ဝင်စားဖွယ်အပြည့်ရှိပြီး ပျော်ဖို့ကောင်းတဲ့အထိဖြစ်လာနိုင်တယ်လို့ Lencioni က ပြောပြထားပါတယ်။

ဒီစာအုပ်ထဲမှာ Lencioni က မကြာသေးခင်ကမှ လုပ်ငန်းစုကြီးကြီးတစ်ခုကနေ ဝယ်ယူခံခဲ့ရတဲ့ ဂိမ်းကုမ္ပဏီ Yip Software ရဲ့ CEO ဖြစ်သူ Casey ရဲ့ အစည်းအဝေးတွေကို တိုးတက်မှုရှိအောင်နဲ့ ဝန်ထမ်းတွေကို စိတ်အားထက်သန်မှုရှိလာအောင် ကြိုးပမ်းခဲ့တဲ့ဇာတ်လမ်းကို ပြောပြပါတယ်။ ဒီဇာတ်လမ်းထဲမှာ Casey ကို ကူပေးနေတဲ့ အရည်အချင်းရှိတဲ့ လူငယ်အလုပ်သင်လည်းဖြစ်၊ ရုပ်ရှင်ပိုင်းမှာ ဘွဲ့ရတစ်ဦးလည်းဖြစ်တဲ့ Will ဆိုတာရှိပါတယ်။ Will က အစည်းအဝေးတွေကို ရုပ်ရှင်တွေနဲ့ နှိုင်းယှဉ်ပြီး Casey ကို  ကူညီဖို့ ကြိုးစားပါတယ်။

Will က ဘာပြောလဲဆိုရင် ရုပ်ရှင်တွေထက် အစည်းအဝေးတွေက ပိုပြီးတော့ ပျော်ဖို့ကောင်းသင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အစည်းအဝေးတွေမှာ လူတွေက တစ်ဦးနဲ့တစ်ဦး ထိတွေ့ပတ်သက်နေရပြီး ပါဝင်သူတွေပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိနေပေမယ့် ရုပ်ရှင်တွေမှာကျတော့ ပရိသတ်တွေက တိုက်ရိုက်မရှိနေဘူးလို့ ပြောပါတယ်။ အစည်းအဝေးတွေက ပျင်းစရာကောင်းပြီး အကျိုးရလဒ်မထွက်ဘူးဆိုတာက ရုပ်ရှင်ကားကောင်းတစ်ခုမှာရှိတဲ့ ဇာတ်ထုပ်ပဋိပက္ခနဲ့ ဇာတ်လမ်းရဲ့ဖွဲ့စည်းပုံ ဆိုတဲ့ အဓိကအချက်နှစ်ချက်မရှိတဲ့အတွက်ကြောင့်လို့ Will က ထောက်ပြပါတယ်။ အစည်းအဝေးတွေမှာ ပါဝင်တဲ့အသင်းအဖွဲ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပါဝင်ဆွေးနွေးနိုင်တဲ့ ပဋိပက္ခဆိုတာ အမြဲတမ်းရှိသင့်တယ်လို့ Will က ပြောပါတယ်။

ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အသင်းအဖွဲ့တွေအနေနဲ့ နေ့စဉ်မှတ်တမ်း၊ အပတ်စဉ်ဗျူဟာ၊ လစဉ်မဟာဗျူဟာနဲ့ သုံးလတစ်ကြိမ်သုံးသပ်မှု ဆိုပြီး အစည်းအဝေးပုံစံ လေးမျိုးရှိတယ်လို့ Will က ပြောပါတယ်။ အစည်းအဝေး တစ်ခုချင်းစီရဲ့ အချိန်နဲ့ ဖွဲ့စည်းပုံက ယင်းရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီသင့်ပါတယ်။ အောက်ပါဇယားက အစည်းအဝေးလေးမျိုးရဲ့ဖွဲ့စည်းပုံအနှစ်ချုပ်ကို ဖော်ပြပေးထားပါတယ်။

 

နေ့စဉ်မှတ်တမ်း

အပတ်စဉ်ဗျူဟာ

လစဉ်မဟာဗျူဟာ

သုံးလတစ်ကြိမ်

သုံးသပ်မှု

ကြာချိန်

၅ - ၁၀ မိနစ်

၄၅ - ၉၀ မိနစ်

၂ - ၄ နာရီ

၁ - ၂ ရက်

ကြိုတင်ပြင်

ဆင်ရမယ့်အစီအစဉ်

 မလိုအပ်

မလိုအပ်၊

အစီအစဉ်ကို အစည်း အဝေးမှာ ဆုံးဖြတ်ရန်

လိုအပ်

လိုအပ်

သုတေသနလိုအပ်၊ မလိုအပ်

မလို

မလို

လိုအပ်

လိုအပ်

ရည်ရွယ်ချက်၊ ပုံစံ

နေ့စဉ်အချိန်ဇယားနဲ့လုပ်ဆောင်ချက်

တွေကို ဝေမျှရန်

အပတ်စဉ်လုပ် ဆောင်ချက်တွေနဲ့ တိုင်းတာချက်တွေကို သုံးသပ်ရန်နဲ့ နည်းဗျူဟာဆိုင်ရာ အဟန့်အတားတွေနဲ့ ပြဿနာရပ်တွေ ကိုဖြေရှင်းရန်

ရေရှည်မှာ အောင်မြင်မှုကို သက်ရောက်နိုင်တဲ့ အရေးကြီးတဲ့ပြဿနာ ရပ်တွေကို ဆွေးနွေး၊ ပိုင်းခြား စိတ်ဖြာ၊ စဉ်းစားပြီး ဆုံးဖြတ် ချက်ချရန်

မဟာဗျူဟာ၊ ယှဉ်ပြိုင်နိုင်တဲ့ အနေအထား၊ လုပ်ငန်းရဲ့ ပြောင်းလဲမှုတွေ၊  အဓိကပါဝင်သူ တွေ၊ အသင်းအ ဖွဲ့တိုးတက်ရေး တွေကို ပြန်လည် သုံးသပ်ရန်

တခြားမှတ်ချက်များ

ထိုင်ပြီး မလုပ်ပါနဲ့

မဟာဗျူဟာနဲ့ဆိုင်တဲ့ ပြဿနာရပ် တွေကို မဖြေရှင်းပါနဲ့

အရေးပေါ်ကိစ္စရပ် တွေအတွက် လိုအပ် သလို စီစဉ်နိုင်

အချိန်ဇယားကို အလွန်အမင်းဖွဲ့ စည်းတာ၊ ဝန်ထုပ် ဝန်ပိုးဖြစ်အောင် မလုပ်ပါနဲ့

 

ဒါက ပျင်းရိစရာကောင်းတဲ့ခေါင်းစဉ်ကို စိတ်ဝင်စားဖွယ်ကောင်းတဲ့နည်းနဲ့ တင်ပြထားတဲ့ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။ ဒါက အထူးသဖြင့် မြန်မာနိုင်ငံမှာ အဖွဲ့အစည်းတော်တော်များများမှာ အရေးပါတဲ့ ကိစ္စရပ်တစ်ခုဖြစ်တဲ့ ပဋိပက္ခကို ကြောက်တဲ့စိတ်ကို အသင်းအဖွဲ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို မဖော်ပြထားပါဘူး။ Lencioni ရဲ့ နည်းလမ်းတွေက အဲဒီလိုပဋိပက္ခတွေကို သင့်တင့်မျှတစွာတွေးတောဆင်ခြင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးရှိဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုမျိုးခေါင်းဆောင် တစ်ယောက်မရှိဘဲနဲ့ အစည်းအဝေးကနေ ပိုကောင်းတဲ့ရလဒ်တွေရရှိဖို့ ဘာတွေလုပ်နိုင်လဲဆိုတာက ရှင်းရှင်းလင်းလင်း နားမလည်နိုင်ပါဘူး။ ပဋိပက္ခဆိုတာ မကောင်းတဲ့အရာမဟုတ်ဘူး၊ အဲဒါက မှန်ကန်တဲ့ဦးတည်ချက်အတွက် ခြေလှမ်းတစ်လှမ်းပဲဆိုတာကို ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲမှုပိုင်းကပုဂ္ဂိုလ်တွေနှစ်ဖက်လုံးက လက်ခံရပါမယ်။

ကျင့်သုံးဖို့ ဒုတိယအသုံးဝင်တဲ့လေ့ကျင့်ခန်းတစ်ခုက ဆွေးနွေးဖို့လိုအပ်နေတဲ့ ကိစ္စရပ်ပုံစံအမျိုးမျိုးကို အစည်းအဝေးတစ်မျိုးထဲမှာ ထည့်သွင်းလိုက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ အလုပ်ခွင်မှာ ဒီလိုမျိုးတွေပဲ အချိန်တိုင်းဖြစ်နေတယ်ဆိုရင် ဥပမာအနေနဲ့ အပတ်စဉ်အစည်းအဝေးမှာဆိုရင် မဟာဗျူဟာကျကျဖြေရှင်းရမယ့်ကိစ္စရပ်တွေကို နောက် လစဉ်၊ သို့မဟုတ် သုံးလတစ်ကြိမ် အစည်းအဝေးမှာ သေသေချာချာဖြေရှင်းဖို့အတွက် ဘေးမှာချန်ထားတဲ့ စည်းကမ်းကို ထားထားသင့်ပါတယ်။ ဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရဲ့အသုံးစရိတ် ပေါ်လစီ၊ ဒါမှမဟုတ် ပြိုင်ဘက်တွေနဲ့ ပူးပေါင်းသင့်မပူးပေါင်းသင့် စတဲ့ အရေးကြီးမှုအတိုင်းအတာမတူတဲ့ ခေါင်းစဉ်တွေကြားမှာ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဆွေးနွေးဖို့က အတော်ဆုံးအမှုဆောင်အရာရှိတွေအတွက်တောင် ခက်ခဲပါတယ်။

ခြုံငုံပြောရမယ်ဆိုရင် အစည်းအဝေးတွေအနေနဲ့ အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းစေတဲ့ မထင်မရှားပြဿနာရပ်တွေကို ဖြေရှင်းနိုင်ဖို့ Lencioni က ကြိုးစားထားပါတယ်။ ဝန်ထမ်းတော်တော်များများက ကြောက်ရွံ့ကြတဲ့ လုပ်ဆောင်ချက်တစ်ခုနဲ့ စတင်ခြင်းအားဖြင့် ကုမ္ပဏီရဲ့လုပ်ငန်းယဉ်ကျေးမှုပုံစံကို တိုးတက်အောင်လုပ်ဖို့ရည်မှန်းထားတဲ့သူတွေအတွက် ဒီစာအုပ်က ဖတ်ရမယ့်စာအုပ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုပါဘူး။

Sugasini Kandiah က ရန်ကုန်မြို့မှာ နှစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို သင်ယူရတာကို သဘောကျပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်မှာ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်ရတဲ့အတွက် ပျော်ရွှင်ပါတယ်။

Book Reflection: Death By Meeting by Peter Lencioni

In Wynee’s Review Series, Myanmar professionals review topical books to bring the latest ideas and thought-leading authors to the Wynee community.

For potential CEOs and senior management, Peter Lencioni’s Death by Meeting: A Leadership Fable...about Solving the Most Painful Problem in Business would prove very useful in rethinking how meetings are conducted. As indicated by the title, Lencioni argues that meetings which are often seen as dull and boring can in fact be highly engaging and even fun if conducted in the right way.

In the book, Lencioni tells the story of Casey, the CEO of Yip Software, a gaming company that was recently acquired by a larger conglomerate, trying hard to improve meetings and motivate staff. In his quest, Casey is assisted by Will, a talented young intern and film studies graduate who tries to help Casey by comparing films to meetings.

Will argues that meetings should be more fun than films given that meetings are interactive and have a direct impact on the participant, compared to movies where the audience is passive. Will states that meetings are often boring and unproductive due to the lack of two key elements that good film productions have - conflict and structure. He states that meetings should always have some conflict that the team can engage in openly in the same way that drama is tantamount to any good film.

On structure, Will argues there are four kinds of meetings a team can have – Daily Check-in, Weekly Tactical, Monthly Strategic and Quarterly Offsite – A meeting’s time and structure should fit its purpose. The table below presents an overview of the proposed meeting structures.

 

Daily Check-In

Weekly Tactical

Monthly Strategic

Quarterly Offsite

Length

5-10 mins

45-90 mins

2-4 hours

1-2 days

Agenda prepared beforehand

No

No. Agenda to be decided at the meeting

Yes

Yes

Research required

No

No

Yes

Yes

Purpose/ Format

Share daily schedules

and activities

Review weekly activities and metrics, and resolve tactical obstacles and issues

Discuss, analyze, brainstorm

and decide upon

critical issues affecting

long term success

Review strategy, competitive

landscape, industry

trends, key personnel,

team development

Other Comments

Don’t sit down

Don’t tackle strategic issues

Can organise on ad hoc basis for urgent matters

Don’t over-structure or over-burden the schedule

The book was a worthwhile read and tackled a dry topic in an engaging way, it doesn’t address how teams can overcome fear of conflict, an issue that is systemic to most organisations, particularly in Myanmar – Lencioni’s solution is to ensure there is good leader who can mine out and medicate conflicts appropriately. In the absence of such a leader, it is unclear what can be done to achieve better meeting outcomes. It may be that having employees and management alike simply acknowledge that conflict is not necessarily a bad thing may be a step in the right direction.

A second useful exercise to practice would be to avoid the tendency to throw every type of issue that needs to be discussed into the same meeting. While this happens all the time in the workplace, we should have the discipline to park aside strategic issues for example, during a weekly tactical and then ensure the strategic issue is addressed properly during the next Monthly/ Ad Hoc Strategic or Quarterly Offsite. This is important because even the best executives will struggle shifting back and forth between topics of different magnitude, like deciding on the company’s expense policy and whether to merge with a competitor.  

Overall, Lencioni tries to tackle the many nuances that prevent meetings from being as effective as they should be. Undoubtedly, this book would be a good read for anyone looking to improve their company’s corporate culture, by starting with the one activity that most employees dread.

Sugasini Kandiah is an investment professional who has been in Yangon for more than 2 years. She enjoys learning about Myanmar’s history and is excited to be a part of its current journey in development.