How to Learn a New Skill

 

[Unicode]

စွမ်းရည် အသစ်တစ်မျိုးကို ဘယ်လိုသင်ယူမလဲ

ယနေ့ခေတ်ရဲ့ လျင်လျင်မြန်မြန်တိုးတက်နေတဲ့ ကမ္ဘာ့စီးပွားရေးမှာ အောင်မြင်ချင်တယ်ဆိုရင် စွမ်းရည်အသစ်တွေကို မြန်မြန်ဆန်ဆန်သင်ယူနိုင်စွမ်းရှိဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ အခုဆိုရင် လူတော်တော်များများက ကိုယ့်ဘဝတိုးတက်ရေးရဲ့ လိုအပ်ချက်ကို နားလည်ကြပြီး မိမိကိုယ်ကိုယ် ရောင်းကုန်တစ်ခုအနေနဲ့ လွယ်လွယ်ကူကူရောင်းထွက်နိုင်စေမယ့် စွမ်းရည်တွေတည်ဆောက်ရေးမှာ သူတို့ရဲ့အချိန်တွေ၊ ငွေတွေကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် သူတို့ရဲ့ဗဟုသုတတွေကို အချိန်နဲ့အမျှ အချက်အလက်တွေကို ထပ်ထပ်ဖြည့်ဖို့ အမြဲတမ်းကြိုးပမ်းနေကြပါတယ်။

ကွန်ပျူတာပရိုဂရမ်အသစ်တစ်ခုကို သင်ယူဖို့ကြိုးစားတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးတက်ဖို့လုပ်ဆောင်တာပဲဖြစ်ဖြစ် စွမ်းရည်အသစ်တစ်ခုကို ကျွမ်းကျင်လာစေမယ့်နည်းလမ်းတွေကို Wynee က အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်သင်ယူချင်တဲ့ စွမ်းရည်ဟာ အဖိုးတန်ပြီး ရယူနိုင်တာဖြစ်ပါစေ။

ကိုယ့်အလုပ်အတွက် သင့်လျော်ပြီး ကိုယ့်အဖွဲ့အစည်းက တန်ဖိုးထားတဲ့ စွမ်းရည်တစ်ခုကို ရွေးချယ်ပါ။ ကိုယ့်ကိုယ် တန်ဖိုးတက်စေပြီး အလုပ်ခွင်မှာ ပိုပြီးအကျိုးရှိစေဖို့ သင်ယူဖို့လိုအပ်တဲ့ စွမ်းရည်တွေကို သိအောင်လုပ်ပါ။ ရယူနိုင်မယ့်ပန်းတိုင်ကို ချမှတ်ပါ။ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအတွင်းမှာ ထိုစွမ်းရည်ကို တကယ်သင်ယူနိုင်မလား၊ အဲဒီအတွက် အချိန်တွေ၊ အင်အားတွေပေးနိုင်မလားဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပါ။  

၂။ ကြိုးစားချင်စိတ်ရှိပြီး သင်ယူခြင်းပေါ်မှာ ကိုယ့်ကိုယ်ကို စူးစိုက်ပါ။

အောင်မြင်တဲ့သူတွေက သူတို့ရဲ့အချိန်နဲ့ စွမ်းအင်တွေကို လိုအပ်တဲ့စွမ်းရည်တွေရရှိဖို့အတွက် လုပ်ဆောင်ကြပါတယ်။ စည်းကမ်းနဲ့ ကြိုးစားအားထုတ်မှုက စွမ်းရည်အသစ်တစ်ခုရရှိဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ တီဗီရှေ့မှာနဲ့ လူမှုကွန်ရက်တွေပေါ်မှာ အချိန်ကုန်ဆုံးမယ့်အစား အချိန်ဇယားချပြီး အဲဒီအတိုင်းလိုက်နာပါ။

၃။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိပါစေ။

ကိုယ် ကြိုက်နှစ်သက်တဲ့ သင်ယူမှုပုံစံက ဘယ်လိုပဲဖြစ်ဖြစ် အဓိပ္ပါယ်ဖော်နိုင်ခြင်းက လူတွေကို နားလည်အောင်နဲ့ သင်ယူနိုင်အောင် ကူညီပေးတယ်လို့ သုတေသနက ဆိုပါတယ်။  အလွတ်ကျက်မှတ်လိုက်တာထက် တကယ့်ဘဝနဲ့ ဆက်စပ်ကြည့်ပြီး သဘောတရားတွေက အကြောင်းအရာတွေတော်တော်များများနဲ့ ဘယ်လိုကိုက်ညီလဲဆိုတာ နားလည်ပါ။ အကြောင်းအရာအသစ်တစ်ခုကို သင်ယူတဲ့အခါ ပိုပြီးစွဲမြဲစေဖို့ အရင်က ဗဟုသုတတွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည်အမှတ်ရပါ။

၄။ သေးငယ်တဲ့အရာတွေကနေ စတင်ပြီး စီမံခန့်ခွဲနိုင်ပါစေ။

စွမ်းရည်အသစ်တွေအများကြီးကို တစ်ခါတည်းသင်ယူဖို့ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံတွန်းအားပေးတယ်ဆိုရင် ဝန်ပိပြီး ပင်ပန်းသွားနိုင်ပါတယ်။ အချိန်တစ်ချိန်မှာ စွမ်းရည်တစ်ခု၊ နှစ်ခုလောက်ပဲ အာရုံစိုက်ပြီး တစ်ခုစီကို ကိုယ်လုပ်နိုင်တဲ့ပန်းတိုင်လေးတွေဖြစ်အောင် သတ်မှတ်ပါ။ စွမ်းရည်တွေကို အနည်းဆုံးသင်ယူနိုင်မယ့်အနေအထားတွေအထိ ပိုင်းခြားပြီး အချိန်တစ်ချိန်မှာ တစ်ခုနှုန်းနဲ့ သင်ယူနိုင်အောင်လုပ်ပါ။ ကိုယ်က ရှေ့ကို ဆက်လက်တက်လှမ်းနေသရွေ့ သေးငယ်တဲ့အဆင့်တွေကို လုပ်ဆောင်တာက အဆင်ပြေပါတယ်။

၅။ တခြားသူတွေကို သင်ပေးပါ။

တခြားသူတွေ သင်ယူနိုင်ဖို့ကူညီတာက ကိုယ့်ဘာသာ ကောင်းကောင်းသင်ယူနိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ တခြားသူတွေကို သင်ကြားပေးတာက ကိုယ့်အနေနဲ့ သင်ထားပြီးသားအရာတွေကို ပြန်လည်အမှတ်ရပြီး လေ့ကျင့်ဖို့အတွက် အခွင့်အရေးရစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အသင်းဖော်အသင်းဖက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေကို ကိုယ်သင်ယူထားတဲ့အရာတွေ ဝေမျှပေးနိုင်မယ့်အခွင့်အလမ်းတွေရအောင်ယူပါ။

၆။ စိတ်ရှည်ပါ။

စွမ်းရည်အသစ်တစ်ခုကို တစ်ညတည်းနဲ့ သင်ယူလို့မရပါဘူး။ စွမ်းရည်တစ်ခုကို သင်ယူဖို့ လတွေကြာပါလိမ့်မယ်။ ဒါကြောင့် စိတ်ရှည်ပါ၊ ဇွဲရှိပါ။

၇။ ကိုယ့်ရဲ့ သင်ယူခြင်းတွေကို အချိန်ကာလတစ်ခုထိလုပ်ဆောင်ပါ။

လေ့လာမှုတွေအရ အချိန်ကြာကြာလေ့လာမှု၊ သို့မဟုတ် အချိန်ကာလတစ်ခုထိ သင်ယူခြင်းကို လုပ်ဆောင်တာက အချိန်တိုတိုလေးအတွင်းမှာ အများကြီးသင်ယူတာထက် ပိုကောင်းတဲ့ သင်ယူခြင်းနည်းဖြစ်ပါတယ်။ အချိန်ကာလတစ်ခုထိ လေ့ကျင့်မှုတွေလုပ်တာက သင်ယူတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကြောကလာပ်စည်းတွေကြားက  အချိတ်အဆက်လေးတွေကို လှုံ့ဆော်ပေးပြီး အချက်အလက်တွေအများကြီးကို အကြာကြီးမှတ်မိစေပါတယ်။ တစ်ရက်ထဲမှာ နာရီပေါင်းများစွာ ထိုင်ပြီးလေ့လာမယ့်အစား အချိန်ကာလရှည်တစ်ခုမှာ ကာလတိုအပိုင်းအခြားလေးတွေနဲ့ လေ့လာဖို့ စီစဉ်ပါ။

၈။ အကူအညီတောင်းပါ။

ကိုယ် သင်ယူဖို့ကြိုးစားနေတဲ့ စွမ်းရည်ကို ကျွမ်းကျင်ပြီးသားသူတွေဆီက အကူအညီတောင်းခံဖို့ မကြောက်ပါနဲ့။ သူတို့ရဲ့ဗဟုသုတတွေနဲ့ အတွေ့အကြုံတွေကို ဝေမျှပေးချင်တဲ့ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် ဆွေးနွေးတိုင်ပင်ပေးမယ့်သူတစ်ယောက်ရှိတာက တန်ဖိုးရှိပါတယ်။ သူတို့က ကိုယ့်ရဲ့ သင်ယူခြင်းမှာ အကြံပြုချက်ပေးနိုင်ပြီး အချက်အလက်ပိုင်းမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ အထောက်အပံ့ပေးနိုင်ပါတယ်။ ပြီးတော့ စွမ်းရည်ကို လျင်လျင်မြန်မြန်ရရှိစေမယ့် နည်းလမ်းလေးတွေကိုလည်း သင်ယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။

၉။ ကိုယ့်ရဲ့ စွမ်းရည်တွေကို အသုံးချပါ။

သင်ယူထားတဲ့အရာတွေကို အသုံးပြုပြီး တကယ့်ဘဝရဲ့ ပြဿနာတွေကို ဖြေရှင်းတယ်ဆိုရင် ပိုပြီး မြန်မြန်ဆန်ဆန်သင်ယူနိုင်ပါတယ်။

လူတိုင်းမှာ သင်ယူပုံနည်းလမ်းတွေက မတူညီကြပါဘူး။ အမှားလုပ်မိမှာကို မကြောက်ပါနဲ့။ ဘယ်အရာတွေက ကိုယ့်အတွက် အလုပ်ဖြစ်သလဲဆိုတာကို စမ်းသပ်လုပ်ဆောင်ပါ။

စွမ်းရည်အသစ်တစ်ခုကို သင်ယူခြင်းက ကိုယ့်ကိုယ် ပိုပြီးပျော်ရွှင်အောင်၊ ပိုပြီးယုံကြည်ချက်ရှိလာအောင် ဖြစ်စေရုံသာမက အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေအတွက် လမ်းပွင့်စေပြီး ကိုယ့်ဦးနှောက်ကိုလည်း ပြောင်းလဲစေတဲ့အတွက် အချိန်ကာလတစ်ခုအတွင်းမှာ စွမ်းရည်အသစ်တွေကို မြန်မြန်ဆန်ဆန်သင်ယူနိုင်ပြီး မှတ်ဉာဏ်၊ အပြောစွမ်းရည်နဲ့ ဘာသာစကားစွမ်းရည်တွေကို တိုးတက်စေနိုင်ပါတယ်။ ၂၁ ရာစုအလုပ်ခွင်အတွက် တန်ဖိုးရှိတဲ့ စွမ်းရည်အသစ်တွေကို ရရှိဖို့က အမြဲတမ်းမလွယ်ကူဘူးဆိုတာကို သတိရပါ။ ဒါပေမဲ့ စွဲစွဲမြဲမြဲလုပ်ဆောင်မယ်ဆိုရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေက ထိုက်တန်ပါတယ်။  

မ Ada Chai က နယ်သာလန်နိုင်ငံမှာ ရုံးချုပ်တည်ရှိတဲ့ Accelerator ပရိုဂရမ် Rockstart Myanmar မှာ အလုပ်လုပ်ကိုင်နေပါတယ်။ အရင်က Thalun International School မှာ Preschool Teacher အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

 

[Zawgyi]

စြမ္းရည္အသစ္တစ္မ်ဳိးကို ဘယ္လိုသင္ယူမလဲ

ယေန႔ေခတ္ရဲ႕ လ်င္လ်င္ျမန္ျမန္တိုးတက္ေနတဲ့ ကမၻာ့စီးပြားေရးမွာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ စြမ္းရည္အသစ္ေတြကို ျမန္ျမန္ဆန္ဆန္သင္ယူႏိုင္စြမ္းရွိဖို႔က မရွိမျဖစ္လိုအပ္ပါတယ္။ အခုဆိုရင္ လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္ဘ၀တိုးတက္ေရးရဲ႕ လိုအပ္ခ်က္ကို နားလည္ၾကၿပီး မိမိကုိယ္ကိုယ္ ေရာင္းကုန္တစ္ခုအေနနဲ႔ လြယ္လြယ္ကူကူေရာင္းထြက္ႏိုင္ေစမယ့္ စြမ္းရည္ေတြတည္ေဆာက္ေရးမွာ သူတို႔ရဲ႕အခ်ိန္ေတြ၊ ေငြေတြကို ရင္းႏွီးျမွဳပ္ႏွံျခင္းျဖင့္ သူတို႔ရဲ႕ဗဟုသုတေတြကို အခ်ိန္နဲ႔အမွ် အခ်က္အလက္ေတြကို ထပ္ထပ္ျဖည့္ဖို႔ အျမဲတမ္းႀကိဳးပမ္းေနၾကပါတယ္။

ကြန္ပ်ဴတာပရိုဂရမ္အသစ္တစ္ခုကို သင္ယူဖို႔ႀကိဳးစားတာပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕ လူမႈဆက္ဆံေရးစြမ္းရည္ေတြ တိုးတက္ဖို႔လုပ္ေဆာင္တာပဲျဖစ္ျဖစ္ စြမ္းရည္အသစ္တစ္ခုကို ကၽြမ္းက်င္လာေစမယ့္နည္းလမ္းေတြကို Wynee က ေအာက္ပါအတိုင္းေဖာ္ျပေပးလိုက္ပါတယ္။

၁။ ကိုယ္သင္ယူခ်င္တဲ့ စြမ္းရည္ဟာ အဖိုးတန္ၿပီး ရယူႏိုင္တာျဖစ္ပါေစ။

ကိုယ့္အလုပ္အတြက္ သင့္ေလ်ာ္ၿပီး ကိုယ့္အဖြဲ႔အစည္းက တန္ဖိုးထားတဲ့ စြမ္းရည္တစ္ခုကို ေရြးခ်ယ္ပါ။ ကိုယ့္ကိုယ္ တန္ဖိုးတက္ေစၿပီး အလုပ္ခြင္မွာ ပိုၿပီးအက်ဳိးရွိေစဖို႔ သင္ယူဖို႔လိုအပ္တဲ့ စြမ္းရည္ေတြကို သိေအာင္လုပ္ပါ။ ရယူႏိုင္မယ့္ပန္းတိုင္ကို ခ်မွတ္ပါ။ သတ္မွတ္ထားတဲ့အခ်ိန္အတိုင္းအတာအတြင္းမွာ ထိုစြမ္းရည္ကို တကယ္သင္ယူႏိုင္မလား၊ အဲဒီအတြက္ အခ်ိန္ေတြ၊ အင္အားေတြေပးႏိုင္မလားဆိုတာ ကိုယ့္ကိုယ္ကိုယ္ ေမးပါ။  

၂။ ႀကိဳးစားခ်င္စိတ္ရွိၿပီး သင္ယူျခင္းေပၚမွာ ကိုယ့္ကိုယ္ကို စူးစိုက္ပါ။

ေအာင္ျမင္တဲ့သူေတြက သူတို႔ရဲ႕အခ်ိ္န္နဲ႔ စြမ္းအင္ေတြကို လိုအပ္တဲ့စြမ္းရည္ေတြရရွိဖို႔အတြက္ လုပ္ေဆာင္ၾကပါတယ္။ စည္းကမ္းနဲ႔ ႀကိဳးစားအားထုတ္မႈက စြမ္းရည္အသစ္တစ္ခုရရွိဖို႔အတြက္ မရွိမျဖစ္အေရးပါပါတယ္။ တီဗီေရွ႕မွာနဲ႔ လူမႈကြန္ရက္ေတြေပၚမွာ အခ်ိန္ကုန္ဆံုးမယ့္အစား အခ်ိန္ဇယားခ်ၿပီး အဲဒီအတိုင္းလိုက္နာပါ။

၃။ ကိုယ့္အတြက္ အဓိပၸါယ္ရွိပါေစ။

ကိုယ္ ႀကိဳက္ႏွစ္သက္တဲ့ သင္ယူမႈပံုစံက ဘယ္လိုပဲျဖစ္ျဖစ္ အဓိပၸါယ္ေဖာ္ႏိုင္ျခင္းက လူေတြကို နားလည္ေအာင္နဲ႔ သင္ယူႏိုင္ေအာင္ ကူညီေပးတယ္လို႔ သုေတသနက ဆိုပါတယ္။  အလြတ္က်က္မွတ္လိုက္တာထက္ တကယ့္ဘ၀နဲ႔ ဆက္စပ္ၾကည့္ၿပီး သေဘာတရားေတြက အေၾကာင္းအရာေတြေတာ္ေတာ္မ်ားမ်ားနဲ႔ ဘယ္လိုကိုက္ညီလဲဆိုတာ နားလည္ပါ။ အေၾကာင္းအရာအသစ္တစ္ခုကို သင္ယူတဲ့အခါ ပိုၿပီးစြဲၿမဲေစဖို႔ အရင္က ဗဟုသုတေတြ၊ ကိုယ္ပိုင္အေတြ႔အႀကံဳေတြကို ျပန္လည္အမွတ္ရပါ။

၄။ ေသးငယ္တဲ့အရာေတြကေန စတင္ၿပီး စီမံခန္႔ခြဲႏိုင္ပါေစ။

စြမ္းရည္အသစ္ေတြအမ်ားႀကီးကို တစ္ခါတည္းသင္ယူဖို႔ႀကိဳးစားၿပီး ကိုယ့္ကိုယ္ကိုယ္ အလြန္အကၽြံတြန္းအားေပးတယ္ဆိုရင္ ၀န္ပိၿပီး ပင္ပန္းသြားႏိုင္ပါတယ္။ အခ်ိန္တစ္ခ်ိန္မွာ စြမ္းရည္တစ္ခု၊ ႏွစ္ခုေလာက္ပဲ အာရံုစိုက္ၿပီး တစ္ခုစီကို ကိုယ္လုပ္ႏိုင္တဲ့ပန္းတိုင္ေလးေတြျဖစ္ေအာင္ သတ္မွတ္ပါ။ စြမ္းရည္ေတြကို အနည္းဆံုးသင္ယူႏိုင္မယ့္အေနအထားေတြအထိ ပိုင္းျခားၿပီး အခ်ိန္တစ္ခ်ိန္မွာ တစ္ခုႏႈန္းနဲ႔ သင္ယူႏုိင္ေအာင္လုပ္ပါ။ ကိုယ္က ေရွ႕ကို ဆက္လက္တက္လွမ္းေနသေရြ႕ ေသးငယ္တဲ့အဆင့္ေတြကို လုပ္ေဆာင္တာက အဆင္ေျပပါတယ္။

၅။ တျခားသူေတြကို သင္ေပးပါ။

တျခားသူေတြ သင္ယူႏိုင္ဖို႔ကူညီတာက ကိုယ့္ဘာသာ ေကာင္းေကာင္းသင္ယူႏိုင္ဖို႔အတြက္ အေထာက္အကူျပဳပါတယ္။ တျခားသူေတြကို သင္ၾကားေပးတာက ကိုယ့္အေနနဲ႔ သင္ထားၿပီးသားအရာေတြကို ျပန္လည္အမွတ္ရၿပီး ေလ့က်င့္ဖို႔အတြက္ အခြင့္အေရးရေစပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕အသင္းေဖာ္အသင္းဖက္ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သူငယ္ခ်င္းေတြကို ကိုယ္သင္ယူထားတဲ့အရာေတြ ေ၀မွ်ေပးႏိုင္မယ့္အခြင့္အလမ္းေတြရေအာင္ယူပါ။

၆။ စိတ္ရွည္ပါ။

စြမ္းရည္အသစ္တစ္ခုကို တစ္ညတည္းနဲ႔ သင္ယူလို႔မရပါဘူး။ စြမ္းရည္တစ္ခုကို သင္ယူဖို႔ လေတြၾကာပါလိမ့္မယ္။ ဒါေၾကာင့္ စိတ္ရွည္ပါ၊ ဇဲြရွိပါ။

၇။ ကိုယ့္ရဲ႕ သင္ယူျခင္းေတြကို အခ်ိန္ကာလတစ္ခုထိလုပ္ေဆာင္ပါ။

ေလ့လာမႈေတြအရ အခ်ိန္ၾကာၾကာေလ့လာမႈ၊ သို႔မဟုတ္ အခ်ိန္ကာလတစ္ခုထိ သင္ယူျခင္းကို လုပ္ေဆာင္တာက အခ်ိန္တိုတိုေလးအတြင္းမွာ အမ်ားႀကီးသင္ယူတာထက္ ပိုေကာင္းတဲ့ သင္ယူျခင္းနည္းျဖစ္ပါတယ္။ အခ်ိန္ကာလတစ္ခုထိ ေလ့က်င့္မႈေတြလုပ္တာက သင္ယူတဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ အာ႐ံုေၾကာကလာပ္စည္းေတြၾကားက  အခ်ိတ္အဆက္ေလးေတြကို လႈံ႔ေဆာ္ေပးၿပီး အခ်က္အလက္ေတြအမ်ားႀကီးကို အၾကာႀကီးမွတ္မိေစပါတယ္။ တစ္ရက္ထဲမွာ နာရီေပါင္းမ်ားစြာ ထိုင္ၿပီးေလ့လာမယ့္အစား အခ်ိန္ကာလရွည္တစ္ခုမွာ ကာလတိုအပိုင္းအျခားေလးေတြနဲ႔ ေလ့လာဖို႔ စီစဥ္ပါ။

၈။ အကူအညီေတာင္းပါ။

ကိုယ္ သင္ယူဖို႔ႀကိဳးစားေနတဲ့ စြမ္းရည္ကို ကၽြမ္းက်င္ၿပီးသားသူေတြဆီက အကူအညီေတာင္းခံဖို႔ မေၾကာက္ပါနဲ႔။ သူတို႔ရဲ႕ဗဟုသုတေတြနဲ႔ အေတြ႔အႀကံဳေတြကို ေ၀မွ်ေပးခ်င္တဲ့ လုပ္ေဖာ္ကိုင္ဖက္ သုိ႔မဟုတ္ ေဆြးေႏြးတိုင္ပင္ေပးမယ့္သူတစ္ေယာက္ရွိတာက တန္ဖိုးရွိပါတယ္။ သူတို႔က ကိုယ့္ရဲ႕ သင္ယူျခင္းမွာ အႀကံျပဳခ်က္ေပးႏိုင္ၿပီး အခ်က္အလက္ပိုင္းမွာေရာ၊ စိတ္ပိုင္းဆိုင္ရာမွာပါ အေထာက္အပံ့ေပးႏိုင္ပါတယ္။ ၿပီးေတာ့ စြမ္းရည္ကို လ်င္လ်င္ျမန္ျမန္ရရွိေစမယ့္ နည္းလမ္းေလးေတြကိုလည္း သင္ယူႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။

၉။ ကိုယ့္ရဲ႕ စြမ္းရည္ေတြကို အသံုးခ်ပါ။

သင္ယူထားတဲ့အရာေတြကို အသံုးျပဳၿပီး တကယ့္ဘ၀ရဲ႕ ျပႆနာေတြကို ေျဖရွင္းတယ္ဆိုရင္ ပိုၿပီး ျမန္ျမန္ဆန္ဆန္သင္ယူႏိုင္ပါတယ္။

လူတိုင္းမွာ သင္ယူပံုနည္းလမ္းေတြက မတူညီၾကပါဘူး။ အမွားလုပ္မိမွာကို မေၾကာက္ပါနဲ႔။ ဘယ္အရာေတြက ကိုယ့္အတြက္ အလုပ္ျဖစ္သလဲဆိုတာကို စမ္းသပ္လုပ္ေဆာင္ပါ။

စြမ္းရည္အသစ္တစ္ခုကို သင္ယူျခင္းက ကိုယ့္ကိုယ္ ပိုၿပီးေပ်ာ္ရႊင္ေအာင္၊ ပိုၿပီးယံုၾကည္ခ်က္ရွိလာေအာင္ ျဖစ္ေစ႐ံုသာမက အလုပ္အကိုင္အခြင့္အလမ္းအသစ္ေတြအတြက္ လမ္းပြင့္ေစၿပီး ကိုယ့္ဦးေႏွာက္ကိုလည္း ေျပာင္းလဲေစတဲ့အတြက္ အခ်ိန္ကာလတစ္ခုအတြင္းမွာ စြမ္းရည္အသစ္ေတြကို ျမန္ျမန္ဆန္ဆန္သင္ယူႏိုင္ၿပီး မွတ္ဥာဏ္၊ အေျပာစြမ္းရည္နဲ႔ ဘာသာစကားစြမ္းရည္ေတြကို တိုးတက္ေစႏိုင္ပါတယ္။ ၂၁ ရာစုအလုပ္ခြင္အတြက္ တန္ဖိုးရွိတဲ့ စြမ္းရည္အသစ္ေတြကို ရရွိဖို႔က အျမဲတမ္းမလြယ္ကူဘူးဆိုတာကို သတိရပါ။ ဒါေပမဲ့ စြဲစြဲျမဲျမဲလုပ္ေဆာင္မယ္ဆိုရင္ ရရွိလာမယ့္ အက်ဳိးေက်းဇူးေတြက ထိုက္တန္ပါတယ္။  

မ Ada Chai က နယ္သာလန္ႏိုင္ငံမွာ ႐ံုးခ်ဳပ္တည္ရွိတဲ့ Accelerator ပ႐ိုဂရမ္ Rockstart Myanmar မွာ အလုပ္လုပ္ကိုင္ေနပါတယ္။ အရင္က Thalun International School မွာ Preschool Teacher အေနနဲ႔ လုပ္ကိုင္ခဲ့ပါတယ္။  

How to Learn a New Skill

If you want to thrive in today’s fast-paced global economy, the ability to pick up new skills quickly is a sin qua non. Many now understand the necessity of self-improvement and are constantly striving to update their knowledge, investing their time and money into building up an arsenal of skills that will make them more marketable.

Whether you are trying to learn a new computer program or working on improving your interpersonal communication skills, Wynee provides the following tips to master a new skill: 1. Make sure the skill you want to learn is valued and attainable.

Be sure to choose a skill that is relevant to your work and is valued by your organization. Identify what skills you need to learn to add value and be more effective in the workplace but do make sure that you are setting an achievable goal. Ask yourself if you will realistically be able to learn this skill in the given time frame and if you will be able to devote the time and energy it will require.

2. Be committed and dedicate yourself to learning.

Successful people commit their time and energy to acquiring the skills they need. Discipline and hard work are vital to gaining a new skill. Set a schedule and follow it instead of wasting your time being a vegetable in front of the TV or scrolling social media.

3. Make it meaningful to you.

Regardless of your preferred learning style, research has shown that it is creating meaning that helps people to understand and learn. Rather than memorizing, be sure to make real life connections and understand how concepts fits into the larger scheme of things. Bring in prior knowledge and your personal experiences when learning something new to make it stick!

4. Start small and keep it manageable.  

You may feel overwhelmed and burnout if you are trying to learn may new skills at once or pushing yourself too hard. Focus on one or two skills at a time and break each one down into manageable goals. Deconstruct the skill to the minimum learnable units and tackle them one at a time. It’s alright to take small steps, as long as you keep moving forward!

5. Teach it to others. 

We can help ourselves learn better by helping others to learn. Teaching others will give you a chance to practice and recall what you’ve learned so take the opportunity to share what you are learning with your teammates, colleagues, or friends!

6. Be patient.

You won’t learn acquire a new skill overnight. It will take months for you to learn the skill so be patient and persistent.

7. Spread out your learning. 

Studies have shown that distributed practice, or spreading out learning over time, is a much better way to learning than binge-learning and cramming. Distributed practice helps stimulate the links between neurons that are formed when we learn and helps us to retain more information. Instead of sitting down for many hours a day, plan to have shorter sessions across a longer period of time.

8. Ask for help!

Don’t be afraid to ask for help from someone who has already mastered the skill that you are working on. Finding a mentor or a co-worker who is willing to share their knowledge and experience with you is invaluable. They may also be able to provide feedback on your learning, offer informational or emotional support, and help you learn some tricks to acquire the skill more quickly.

9. Apply your skills!

When we use what we learn and use it to solve real-world problems, we learn more quickly.  

Everyone has a different way of learning. Don’t be afraid to make mistakes and experiment with what works for you!

Learning a new skill not only makes you happier and more confident, but it will also open up new career opportunities and change your brain so that you can learn new skills faster over time and improve your working memory, verbal intelligence, and language skills. Remember that to gain valuable new skills for the 21st century workplace won’t always be a piece of cake but if you stick with it, the benefits are worth it.

Ma Ada Chai works at Rockstart Myanmar, an accelerator program headquartered in Netherlands. Previously, she worked as a preschool teacher in Thalun International School.