Medical School How to Survive and Thrive

Medical School How to Survive and Thrive

Career Advice Education University Upgrade Yourself

[Zawgyi]

ေဆးတကၠသုိလ္မွာ ဘယ္လိုေနထိုင္ရွင္သန္ၿပီး အက်ဳိးျဖစ္ထြန္းေအာင္လုပ္မလဲ

ေဆးတကၠသိုလ္ဆိုတာ ျမန္မာႏိုင္ငံက ေက်ာင္းသားအမ်ားစု တက္ခ်င္ၾကတဲ့ အိပ္မက္ ျဖစ္ပါတယ္။ ဒါေပမဲ့ ေဆးတကၠသိုလ္က ေက်ာင္းသားေတြေရာ၊ မိဘေတြပါ ေပါ့ေပါ့ တန္တန္ မယူဆသင့္တဲ့ လမ္းေၾကာင္းတစ္ခုျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ အာရွႏိုင္ငံအမ်ားစုက ဆယ္ေက်ာ္သက္ အေနနဲ႔ သူတုိ႔ရဲ႕ အသက္ေမြး၀မ္းေၾကာင္းအလုပ္အကိုင္လမ္းေၾကာင္းေတြကို မျဖစ္မေနေရြးခ်ယ္ၾကရပါတယ္။ ဒါက တုန္လႈပ္စရာေကာင္းတဲ့တာ၀န္တစ္ခုျဖစ္ပါတယ္။ မိဘေတြအေနနဲ႔ကလည္း အင္မတန္စိတ္ရႈပ္ေထြးရၿပီး ကေလးေတြအတြက္ သူတို႔ရဲ႕ အနာဂတ္တည္ေဆာက္ေရးမွာ လမ္းညႊန္ေပးဖို႔အခ်ိန္က်လာတဲ့အခါ မိဘေတြကိုယ္တိုုင္လည္း မ်ားေသာအားျဖင့္ လမ္းၫႊန္ျပႏိုင္တဲ့ ၀မ္းစာလံုလံုေလာက္ေလာက္မရွိတတ္ျကပါဘူး။

ဒီတစ္ပတ္မွာ Wynee က ေဆးတကၠသိုလ္ေက်ာင္းသားတစ္ေယာက္အေနနဲ႔ အသက္ေမြး၀မ္းေၾကာင္းတစ္ခုနဲ႔ပတ္သက္ၿပီး စဥ္းစားသင့္ပံုေတြကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

ေဆးတကၠသိုလ္တက္ခြင့္ရဖို႔က အခက္ခဲဆံုးလို႔ ေတြးေကာင္းေတြးႏိုင္ပါတယ္။ ဒါေပမဲ့ ေဆးတကၠသိုလ္ကေန ဘြဲ႕ရဖို႔က ပိုၿပီးေတာ့ စိန္ေခၚမႈမ်ားပါတယ္။ ၁၆ ႏွစ္၊ ၁၇ ႏွစ္လူငယ္ေတြအေနနဲ႔ ႀကီးမားတဲ့တာ၀န္တစ္ရပ္ျဖစ္တဲ့ လူတစ္ဦးရဲ႕ အသက္ကို ကယ္တင္ရတဲ့ ေဆးပညာနည္းလမ္းေတြကို သင္ယူူရပါတယ္။ ဒီျဖစ္စဥ္က တကယ္ကိုခက္ခဲၾကမ္းတမ္းပါတယ္။

ဆယ္ေက်ာ္သက္ေတြဟာ သူတို႔ ရဲ႕ ေဆးတကၠသိုလ္ဘ၀ကို စတင္စဥ္မွာပဲ အားအင္ကုန္ခမ္းသြားတတ္ၾကၿပီး အသစ္အသစ္ေသာ ဖိအားနဲ႔ တာ၀န္ေတြကို ရင္ဆိုင္ၾကရပါတယ္။ စာေမးပြဲတစ္ခုုၿပီးတစ္ခုနဲ႔ သူတုိ႔မွာ တကၠသိုလ္နဲ႔ စာေလ့လာတဲ့အုပ္စုေတြကလြဲရင္ ”လူမႈဘ၀” တစ္ခုဖန္တီးဖို႔ အခ်ိန္မရွိတတ္ၾကပါဘူး။ စိတ္ဖိစီးမႈနဲ႔ ဖိအားေတြက ဘယ္ေတာ့မွေလ်ာ့က်မသြားပါဘူး။ သို႔ေသာ္လည္း ေဆးပညာရပ္ရဲ႕ ဖိအားေတြက လူတစ္ေယာက္ကို ပိုၿပီးခုိင္မာလာဖို႔ တြန္းအားေပးပါတယ္။

အျဖဴေရာင္ဆရာ၀န္ကုတ္အက်ႌေလး၊ ဆရာ၀န္ေတြသံုးတဲ့ နားၾကပ္ကိရိယာေလး၊ ဓာတ္မွန္ကားခ်ပ္ေလး၊ ေဆးပညာဆိုင္ရာအေခၚအေ၀ၚေတြ စတာေတြက အထင္ႀကီးစရာေကာင္း တယ္လို႔ ထင္ရပါတယ္။ ဒါေပမဲ့ တကယ္လက္ေတြ႕မွာ ေက်ာင္းသားေတြအေနနဲ႔ အဲဒီလိုအသံုးအေဆာင္ေတြကို တာ၀န္က်တဲ့အခ်ိန္ကလြဲရင္ အသံုးျပဳခဲပါတယ္။ ေက်ာင္းသားေတြက အမ်ားႀကီး စာေလ့လာရၿပီး စာေမးပြဲေတြအတြက္ ျပင္ဆင္ေနရပါတယ္။

ေဆးတကၠသိုလ္ေက်ာင္းသားတစ္ေယာက္အေနနဲ႔ တကၠသိုလ္ျပင္ပက ၀ါသနာေတြ၊ အိပ္မက္ေတြရွိသင့္ပါသလား။ ေဆးတကၠသိုလ္ေက်ာင္းသားေတြမွာ စာပဲေလ့လာရမယ့္ တာ၀န္တစ္ရပ္ရွိတယ္လို႔ တခ်ဳိ႕က ဆိုၾကပါလိမ့္မယ္။

ဒါကို သေဘာမတူပါဘူး။ လူတစ္ေယာက္အေနနဲ႔ ဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခုေလးေပၚမွာ ဘယ္ေလာက္ပဲ အာရံုစိုက္ပါေစ၊ အျမင့္ဆံုးပန္းတိုင္လို႔ ကၽြန္ေတာ္တို႔ယူဆခဲ့တဲ့အရာကို အခ်ိန္တစ္ခုမွာ ရရွိခဲ့ၿပီးရင္ေတာင္ ကၽြန္ေတာ္တို႔က ဘယ္ေတာ့မွ အျပည့္အ၀ အားရေက်နပ္ျခင္းမရွိပါဘူး။ ကၽြန္ေတာ္ကိုယ္တိုင္လည္း ဒါေတြကို ေက်ာ္ျဖတ္ခဲ့ၿပီးတဲ့အတြက္ ျမန္မာႏို္င္ငံက ေဆးတကၠသိုလ္ေက်ာင္းသားတစ္ေယာက္အေနနဲ႔ ဘ၀မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ လူမႈဆက္ဆံေရးေကာင္းေကာင္းနဲ႔ ေနထုိင္ႏိုင္မယ့္ နည္းလမ္းေတြကို အႀကံျပဳေပးႏုိင္ပါတယ္။

၁။ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲေတြ

ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲေတြက ဂ်ဴနီယာေတြ၊ တကၠသိုလ္ေက်ာင္းသားသစ္ေတြနဲ႔ ဆက္သြယ္ခ်ိတ္ဆက္ႏိုင္မယ့္နည္းလမ္းေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒီလိုပြဲေတြမွာ တျခားတကၠသိုလ္ ေတြက အလည္လာတာေတြလည္းရွိပါတယ္။ ဒါေၾကာင့္ လူသစ္ေတြနဲ႔ (ကိုယ့္အိမ္ေထာင္ဖက္နဲ႔ ေတာင္) ေတြ႕ဆံုႏိုင္မယ့္နည္းလမ္းတစ္ခုျဖစ္ပါတယ္။  

၂။ လူမႈေရးနဲ႔ တျခားအဖြဲ႔အစည္းေတြ

အဖြဲ႔အစည္းေတြက သူငယ္ခ်င္းအသစ္ေတြနဲ႔ ေတြ႕ဆံုႏိုင္ၿပီး စြမ္းရည္အသစ္ေတြသင္ယူႏိုင္ဖို႔နဲ႔ စိတ္၀င္စားမႈအသစ္ေတြကို ရွာေဖြႏိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

၃။ ပြဲေတြ

အဖြဲ႔အစည္းေတြက ပြဲေတြလုပ္ဖို႔ ကူညီၾကပါတယ္။ ဒါေၾကာင့္ ပြဲေတြက ကိုယ့္ရဲ႕ေခါင္းေဆာင္မႈတာ၀န္ ေတြယူၾကည့္ဖို႔ အခြင့္အလမ္းႀကီးတစ္ခုျဖစ္ပါတယ္။ ဥပမာအေနနဲ႔ အဂၤလိပ္စာအဖြဲ႔က က်ဘမ္းစကားေျပာစြမ္းရည္ၿပိဳင္ပြဲက်င္းပတယ္ဆိုရင္ ကိုယ္က ပြဲစီစဥ္သူတစ္ေယာက္အေနနဲ႔၊ ဒါမွမဟုတ္ ၿပိဳင္ပြဲ၀င္တစ္ေယာက္အေနနဲ႔ ပါ၀င္ႏိုင္ပါတယ္။

ဒါက ေဆးတကၠသိုလ္ေက်ာင္းသားတစ္ေယာက္ရဲ႕ ရႈျမင္ခ်က္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ တကၠသိုလ္တက္ေနစဥ္ကာလအတြင္းမွာ တျခား ကိုယ့္ရဲ႕ တိုးတက္ရာတိုးတက္ေၾကာင္း၊ လူမႈဆက္ဆံေရးစြမ္းရည္ေတြကို တုိးတက္ေအာင္လုပ္ႏိုင္မယ့္နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ အေျပာင္းအလဲေတြကို လက္ခံၿပီး တိုးတက္မႈအတြက္ ေနရာေပးတာက စာသင္ခန္းအတြင္းေရာ  အျပင္မွာပါ ေဆးတကၠသိုလ္ေက်ာင္းသား တစ္ေယာက္ျဖစ္ဖို႔ ေသာ့ခ်က္ျဖစ္ပါတယ္။ သင့္မွာ ပြင့္လင္းတဲ့စိတ္ထားရွိမယ္လုိ႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္။

[Unicode]

ဆေးတက္ကသိုလ်မှာ ဘယ်လိုနေထိုင်ရှင်သန်ပြီး အကျိုးဖြစ်ထွန်းအောင်လုပ်မလဲ

ဆေးတက္ကသိုလ်ဆိုတာ မြန်မာနိုင်ငံက ကျောင်းသားအများစု တက်ချင်ကြတဲ့ အိပ်မက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေရော၊ မိဘတွေပါ ပေါ့ပေါ့ တန်တန် မယူဆသင့်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံအများစုက ဆယ်ကျော်သက် အနေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်လမ်းကြောင်းတွေကို မဖြစ်မနေရွေးချယ်ကြရပါတယ်။ ဒါက တုန်လှုပ်စရာကောင်းတဲ့တာဝန်တစ်ခုဖြစ်ပါတယ်။ မိဘတွေအနေနဲ့ကလည်း အင်မတန်စိတ်ရှုပ်ထွေးရပြီး ကလေးတွေအတွက် သူတို့ရဲ့ အနာဂတ်တည်ဆောက်ရေးမှာ လမ်းညွှန်ပေးဖို့အချိန်ကျလာတဲ့အခါ မိဘတွေကိုယ်တိုင်လည်း များသောအားဖြင့် လမ်းညွှန်ပြနိုင်တဲ့ ဝမ်းစာလုံလုံလောက်လောက်မရှိတတ်ကြပါဘူး။

ဒီတစ်ပတ်မှာ Wynee က ဆေးတက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုနဲ့ပတ်သက်ပြီး စဉ်းစားသင့်ပုံတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ဆေးတက္ကသိုလ်တက်ခွင့်ရဖို့က အခက်ခဲဆုံးလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမဲ့ ဆေးတက္ကသိုလ်ကနေ ဘွဲ့ရဖို့က ပိုပြီးတော့ စိန်ခေါ်မှုများပါတယ်။ ၁၆ နှစ်၊ ၁၇ နှစ်လူငယ်တွေအနေနဲ့ ကြီးမားတဲ့တာဝန်တစ်ရပ်ဖြစ်တဲ့ လူတစ်ဦးရဲ့ အသက်ကို ကယ်တင်ရတဲ့ ဆေးပညာနည်းလမ်းတွေကို သင်ယူူရပါတယ်။ ဒီဖြစ်စဉ်က တကယ်ကိုခက်ခဲကြမ်းတမ်းပါတယ်။

ဆယ်ကျော်သက်တွေဟာ သူတို့ ရဲ့ ဆေးတက္ကသိုလ်ဘဝကို စတင်စဉ်မှာပဲ အားအင်ကုန်ခမ်းသွားတတ်ကြပြီး အသစ်အသစ်သော ဖိအားနဲ့ တာဝန်တွေကို ရင်ဆိုင်ကြရပါတယ်။ စာမေးပွဲတစ်ခုပြီးတစ်ခုနဲ့ သူတို့မှာ တက္ကသိုလ်နဲ့ စာလေ့လာတဲ့အုပ်စုတွေကလွဲရင် ”လူမှုဘဝ” တစ်ခုဖန်တီးဖို့ အချိန်မရှိတတ်ကြပါဘူး။ စိတ်ဖိစီးမှုနဲ့ ဖိအားတွေက ဘယ်တော့မှလျော့ကျမသွားပါဘူး။ သို့သော်လည်း ဆေးပညာရပ်ရဲ့ ဖိအားတွေက လူတစ်ယောက်ကို ပိုပြီးခိုင်မာလာဖို့ တွန်းအားပေးပါတယ်။

အဖြူရောင်ဆရာဝန်ကုတ်အင်္ကျီလေး၊ ဆရာဝန်တွေသုံးတဲ့ နားကြပ်ကိရိယာလေး၊ ဓာတ်မှန်ကားချပ်လေး၊ ဆေးပညာဆိုင်ရာအခေါ်အဝေါ်တွေ စတာတွေက အထင်ကြီးစရာကောင်း တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့မှာ ကျောင်းသားတွေအနေနဲ့ အဲဒီလိုအသုံးအဆောင်တွေကို တာဝန်ကျတဲ့အချိန်ကလွဲရင် အသုံးပြုခဲပါတယ်။ ကျောင်းသားတွေက အများကြီး စာလေ့လာရပြီး စာမေးပွဲတွေအတွက် ပြင်ဆင်နေရပါတယ်။

ဆေးတက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ တက္ကသိုလ်ပြင်ပက ဝါသနာတွေ၊ အိပ်မက်တွေရှိသင့်ပါသလား။ ဆေးတက္ကသိုလ်ကျောင်းသားတွေမှာ စာပဲလေ့လာရမယ့် တာဝန်တစ်ရပ်ရှိတယ်လို့ တချို့က ဆိုကြပါလိမ့်မယ်။

ဒါကို သဘောမတူပါဘူး။ လူတစ်ယောက်အနေနဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလေးပေါ်မှာ ဘယ်လောက်ပဲ အာရုံစိုက်ပါစေ၊ အမြင့်ဆုံးပန်းတိုင်လို့ ကျွန်တော်တို့ယူဆခဲ့တဲ့အရာကို အချိန်တစ်ခုမှာ ရရှိခဲ့ပြီးရင်တောင် ကျွန်တော်တို့က ဘယ်တော့မှ အပြည့်အ၀ အားရကျေနပ်ခြင်းမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒါတွေကို ကျော်ဖြတ်ခဲ့ပြီးတဲ့အတွက် မြန်မာနိုင်ငံက ဆေးတက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်၊ လူမှုဆက်ဆံရေးကောင်းကောင်းနဲ့ နေထိုင်နိုင်မယ့် နည်းလမ်းတွေကို အကြံပြုပေးနိုင်ပါတယ်။

၁။ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေက ဂျူနီယာတွေ၊ တက္ကသိုလ်ကျောင်းသားသစ်တွေနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်မယ့်နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုပွဲတွေမှာ တခြားတက္ကသိုလ် တွေက အလည်လာတာတွေလည်းရှိပါတယ်။ ဒါကြောင့် လူသစ်တွေနဲ့ (ကိုယ့်အိမ်ထောင်ဖက်နဲ့ တောင်) တွေ့ဆုံနိုင်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။  

၂။ လူမှုရေးနဲ့ တခြားအဖွဲ့အစည်းတွေ

အဖွဲ့အစည်းတွေက သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံနိုင်ပြီး စွမ်းရည်အသစ်တွေသင်ယူနိုင်ဖို့နဲ့ စိတ်ဝင်စားမှုအသစ်တွေကို ရှာဖွေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၃။ ပွဲတွေ

အဖွဲ့အစည်းတွေက ပွဲတွေလုပ်ဖို့ ကူညီကြပါတယ်။ ဒါကြောင့် ပွဲတွေက ကိုယ့်ရဲ့ခေါင်းဆောင်မှုတာဝန် တွေယူကြည့်ဖို့ အခွင့်အလမ်းကြီးတစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ အင်္ဂလိပ်စာအဖွဲ့က ကျဘမ်းစကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပတယ်ဆိုရင် ကိုယ်က ပွဲစီစဉ်သူတစ်ယောက်အနေနဲ့၊ ဒါမှမဟုတ် ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပါဝင်နိုင်ပါတယ်။

ဒါက ဆေးတက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ရှုမြင်ချက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်တက်နေစဉ်ကာလအတွင်းမှာ တခြား ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ လူမှုဆက်ဆံရေးစွမ်းရည်တွေကို တိုးတက်အောင်လုပ်နိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ အပြောင်းအလဲတွေကို လက်ခံပြီး တိုးတက်မှုအတွက် နေရာပေးတာက စာသင်ခန်းအတွင်းရော  အပြင်မှာပါ ဆေးတက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်ဖို့ သော့ချက်ဖြစ်ပါတယ်။ သင့်မှာ ပွင့်လင်းတဲ့စိတ်ထားရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

Medical School How to Survive and Thrive

Medical school, a much sought-after pursuit for Burmese students all over the country, is a path that students and parents should not take lightly. In Myanmar and most of Asia, teenagers must choose their career paths, a daunting task. That said, parents are often equally confused and insufficiently equipped when it comes to guiding their children into establishing their future. Wynee provides the following view in life as a medical student.

You may think getting into medical school was the hardest hurdle, but graduating medical school is much more challenging. Sixteen and seventeen year-olds are asked to learn how to save lives - a big responsibility - and the process is arduous.

Teens are often somewhat burnt out by the time they have to start their University life,and face a whole new level of pressure and duties. Exams after exams, they barely have the time to have a ‘social life’ outside of university and study groups. The stress and the pressure never subside, but the pressures of medical education push one to become stronger.

The white lab coat, the cool stethoscope, the X-rays, the medical terms, they seem awesome but in reality, students barely use such tools except from situations when  on-duty. Student largely study and prepare for exams.

Should a medical student have passions and pursuits outside of school? Some would say medical students have a duty to devote themselves solely to studies.

I disagree - As complex beings, no matter how much focus we pour into one part our lives, we never fully feel satisfied or complete even after achieving what we thought was our top goal at one point.Having gone through it myself, I can recommend some pursuits to help you stay sane and socially healthy as a medical student in Myanmar:

  1. Fresher welcomes are one of many ways to connect with juniors and freshmen. These venues are often exchanges with other universities and it’s a great way to meet new people, maybe even a spouse!
  2. Social and other clubs. Clubs are a great way to meet new friends, learn a new skill, or explore a new passion.
  3. Events. Clubs will often sponsor events, and these are a great opportunity to take on leadership responsibility. For instance, an English club may hold an impromptu competition and you can join as an organizer or  participant.

This is just one medical student’s point of view, but there are many ways to develop other personal and interpersonal skills during their university years. Being open to change and having room for improvement is key to being a medical student in and out of the classroom, and I hope you will have an open mind!