Tips for Career Change: Engineering to humanitarian development

 

[Unicode]

အလုပ်အကိုင်ပြောင်းလဲခြင်း (အင်ဂျင်နီယာပညာရပ်မှ လူ့အကျိုးပြုဖွံ့ဖြိုးတိုးတက်မှုဆီသို့)

အလုပ်အကိုင်လမ်းကြောင်းက ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး တစ်သမတ်တည်းက ဖြစ်ခဲပါတယ်။ အလုပ်အကိုင်ကို လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ အိပ်မက်တွေက ပုံဖော်ပေးသလို လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်နဲ့ ပေါ်ပေါက်လာတဲ့အခွင့်အလမ်းတွေကလည်း ပုံဖော်ပေးပါတယ်။အောက်ဖော်ပြပါဇာတ်လမ်းမှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမြင်ပြောင်းလဲမှုတွေက ဘယ်လိုမျိုး အလုပ်အကိုင်လမ်းကြောင်းကို ဖြစ်ထွန်းလာစေတယ်ဆိုတာကို ပြသထားပါတယ်။ တစ်ခါတရံမှာ ဒါက အတားအဆီးတွေ၊ ဒါမှမဟုတ် အခွင့်အလမ်းတွေကို ယူဆောင်လာပေးပါတယ်။ အောက်မှာဖော်ပြထားတဲ့ဇာတ်လမ်းမှာ ကိုယ့်ဘဝတိုးတက်ရေးပေါ်မှာ အာရုံစိုက်တဲ့ စိတ်နေစိတ်ထားနဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုက စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ရာထူးနေရာတွေ၊ အခွင့်အလမ်းတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ Wynee က အင်ဂျင်နီယာကျောင်းသားလူငယ်လေးတစ်ယောက်ကနေ ယခု အကြီးတန်းစီးပွားရေး အကြံပေးတစ်ယောက်ဖြစ်လာသူရဲ့ ဇာတ်လမ်းကို အောက်မှာ ဝေမျှပေးထားပါတယ်။

“ရန်ကုန်၊ မန္တ္တ္တလေးနဲ့ မြစ်ကြီးနားတို့ကို ချိတ်ဆက်ပြေးဆွဲတဲ့ ကျည်ဆန်ရထားတစ်စင်းကို ကျွန်တော် တည်ဆောက်ချင်ပါတယ်။ ဒီရထားက ဂျပန်က ရထားလိုပဲ မြန်ဆန်တဲ့ အရှိန်ရှိပါလိမ့်မယ်”

၂၀၀၉ ခုနှစ်က စက်ရုပ်ပိုင်း၊ ကွန်ပျုတာကိုအသုံးပြုပြီး စက်ကိရိယာတွေကို ထိန်းချုပ်ခြင်းပိုင်း (CNC)နဲ့ စက်ယန္တရားတွေကို အလိုအလျောက်ထိန်းချုပ်တဲ့စနစ်ပိုင်းတွေအပါအဝင် အဆင့်မြင့်အင်ဂျင်နီယာ ဘာသာရပ်တွေကို အထူးပြုလေ့လာထားတဲ့ မြန်မာဘွဲ့ရခါစ လူငယ်လေးတစ်ဦးဟာ သူ့ရဲ့နောက်ဖြစ်လာမယ့်အနာဂတ်ပေါ်မှာ စိတ်လှုပ်ရှားနေခဲ့ပါတယ်။  ကံမကောင်းစွာနဲ့ သူ ဘွဲ့ရချိန်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေက စိန်ခေါ်မှုတွေရှိနေပြီး စီးပွားရေးကဏ္ဍကလည်း အခြေမခိုင်ဖြစ်နေခဲ့ပါတယ်။ ဆိုင်ကလုန်းနာဂစ်က ရွာသူရွာသားတွေကနေ ဗိုလ်ချုပ်ကြီးတွေအဆုံး ကျွန်တော်တို့အားလုံးကို ထိခိုက်စေခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုက ၂၀၀၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်မုန်တိုင်းကြောင့်လို့ လူတော်တော်များများက ယုံကြည်ကြပါတယ်။ ကုမ္ပဏီတွေက လုပ်ငန်းတိုးချဲ့ဖို့အစီအစဉ်တွေကို ရပ်ဆိုင်းခဲ့ရသလို တချို့က မငြိမ်မသက်မှုတွေကြောင့် သူတို့လုပ်ငန်းကို ပိတ်ပစ်ခဲ့ကြပါတယ်။ ဇာတ်လမ်းထဲက လူငယ်လေးကလည်း အလုပ်ပေါင်းများစွာကို လျှောက်ခဲ့ပေမယ့် နည်းပညာပိုင်းဆိုင်ရာ အင်ဂျင်နီယာ အလုပ်တစ်ခုလေးတောင် မရရှိခဲ့ပါဘူး။ ဒါက အံ့သြစရာတော့မဟုတ်ပါ။

“မင်း ငွေ ခုနစ်သန်းယူလာရင် လေယာဉ်လက်မှတ်၊ ဗီဇာနဲ့ စင်ကာပူမှာ အလုပ်တစ်ခုရအောင် ငါ စီစဉ်ပေးမယ်။ သုံး၊ လေးလကြာရင် အရင်းကျေနိုင်ပါတယ်။ မြန်မာနိုင်ငံက အင်ဂျင်နီယာအားလုံးနီးပါး ဒီမှာရှိတယ်။” အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက ကျွန်တော်တို့ရဲ့လူငယ်လေးကို စင်ကာပူူမှာ အလုပ်လုပ်ဖို့ ဆွဲဆောင်ခဲ့ပါတယ်။ အဲဒီအချိန်က လူငယ်တွေကြားမှာ စင်ကာပူကိုပြောင်းရွှေ့ပြီး ကောင်းမွန်တဲ့အလုပ်တစ်ခုရရှိဖို့က ရေပန်းစားခဲ့ပါတယ်။ အလားအလာတွေရှိပေမယ့် နိုင်ငံချစ်စိတ်ကြောင့် မြန်မာနိုင်ငံကနေ မထွက်ခွာသွားချင်ဘူး။ ရင်းနှီးရမယ့်အခွင့်အလမ်းစရိတ်က မြင့်မားတာကြောင့်လည်း ပါပါတယ်။

ဘွဲ့ရပြီးနောက် သူက လမ်းကြောင်းပြောင်းခဲ့ပါတယ်၊ သူ့ရဲ့အင်ဂျင်နီယာဘွဲ့ကို ဘေးချိတ်ထားလိုက်ပြီး နာမည်ကြီးပြည်တွင်းလုပ်ငန်းနဲ့ ဂျပန်လုပ်ငန်းတို့ပူးတွဲလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ခုကနေ အလုပ်ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်။ ဒီ NGO က ပြန်လည်ထူထောင်ရေးဖြစ်စဉ်မှာ ဘေးအန္တရာယ်ထဲမှာ ကျရောက်ခံစားခဲ့ရတဲ့ ဒေသခံလူတွေရဲ့ အသိဉာဏ်ဗဟုသုတတွေနဲ့ လုပ်နိုင်စွမ်းတည်ဆောက်ရေးတွေကို အားကောင်းအောင်ကူညီပေး ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လူငယ်လေးဟာ သူ့ရဲ့ဇာတိမြို့ကနေ မစွန့်ခွာခဲ့တဲ့ မြို့သားလေးတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အလုပ်နေရာအသစ်မှာ နာဂစ်သာမက ကာလရှည်ကြာစွာဆင်းရဲမွဲတေမှုက ဖြစ်ပေါ်စေခဲ့တဲ့ သက်ရောက်မှုတွေကို ခံစားနေကြရတဲ့ ပြည်သူလူထုရဲ့ အခြေအနေအစစ်အမှန်တွေကို သူ ကြုံတွေ့ခဲ့ပါတယ်။

ဆင်းရဲမွဲတေမှုရဲ့အကြောင်းအရင်းခံ၊ မြို့ပြကိုရွှေ့ပြောင်းမှုနဲ့ နီးစပ်ရာစက်ရုံတွေ၊ အလုပ်အကိုင်တွေက လူနေမှုအရည်အသွေးကို ဘယ်လောက်တိုးတက်စေနိုင်တယ်ဆိုတာတွေကို စဉ်းစားခဲ့ပါတယ်။ သူ့ရဲ့ရှုမြင်ချက်တွေက ကျယ်ပြန့်လာခဲ့ပါတယ်။ NGO ရဲ့ ပြည်တွင်းအကျိုးသက်ရောက်မှုအပေါ်ကို သူ တန်ဖိုးထားခဲ့ပြီး စီးပွားရေးတိုးတက်မှုကသာလျှင် ဆင်းရဲမွဲတေမှုနဲ့ ယင်းရဲ့နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်။

ကျွန်တော်တို့လူငယ်လေးရဲ့ အဲဒီအချိန်က အလုပ်အကိုင်လမ်းကြောင်းနဲ့ ရည်မှန်းချက်တွေက သူ့ အတန်းဖော်ဟောင်းတွေနဲ့ အများကြီးကွာခြားခဲ့ပါတယ်။  သူ့အတန်းဖော်တွေက စက်ရုံမှာ၊ သို့မဟုတ် နိုင်ငံခြားမှာ သူတို့ရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အချင်းတွေကို တိုက်ရိုက်အသုံးချပြီး အလုပ်လုပ်နေကြပြီဖြစ်ပါတယ်။ သူက သူ့ရဲ့လမ်းကြောင်းကို ပြောင်းလဲပြီး လုပ်ငန်းအတွေ့အကြုံရရှိဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Supply Chain Executive တစ်ယောက်အနေနဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့ပါ တယ်။ အဓိကအားဖြင့် ကုန်သွယ်ရေး၊ Logistics ပိုင်းနဲ့ ကုန်စည်ထိန်းချုပ်ခြင်းဆိုင်ရာ ကျယ်ပြန့်တဲ့စီးပွားရေး လုပ်ငန်းစဉ်တွေကို လုပ်ဖော်ကိုင်ဖက်တွေကနေ လူငယ်လေးက သင်ယူခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းသဘာဝ၊ အထူးသဖြင့် အစီအစဉ်ဆွဲခြင်း၊ ဝယ်ယူရေးပိုင်း၊ Sourcing ပိုင်း၊ ကုန်ကျစရိတ်ဖွဲ့စည်းပုံနဲ့ မဟာဗျူဟာဖော်ဆောင်မှုစတဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာတွေကို နားလည်ဖို့က အင်ဂျင်နီယာတစ်ယောက်အတွက် မလွယ်ကူခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက် လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး ဗဟုသုတကို အတော်အသင့်ရရှိခဲ့ကြောင်း၊ ဒါပေမဲ့ ပညာရပ်ပိုင်းဆိုင်ရာ သီအိုရီနဲ့ သူ့ရဲ့စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်ဆိုတာကို သူ နားလည်ခဲ့ပါတယ်။ MBA ဘွဲ့ကို နိုင်ငံခြားမှာ တက်ရောက်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

သူ့သူငယ်ချင်းတွေက သူ့ကို လှောင်ရယ်ခဲ့ပြီး “သာမန်မိသားစုကလာတဲ့ လူငယ်လေးတစ်ယောက်က နိုင်ငံခြားမှာ MBA တက်ရောက်လေ့လာချင်တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ MBA ကျောင်းသားတွေကို သာမန်အားဖြင့် ပညာသင်ဆုတွေမပေးပါဘူး။ သူ့မိသားစုကလည်း သူ့ကို ထောက်ပံ့ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ ပညာသင်ဆုအပြည့်အဝရခဲ့ပါတယ်။ သူ့ရဲ့ MBA ခရီးစဉ်အတွင်းမှာ ပညာရပ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုတွေ၊ အဆက်အသွယ်ကောင်းတွေနဲ့ နိုင်ငံတကာစီးပွားရေးလက်တွေ့ ကျင့်သုံးမှုတွေအပေါ် နားလည်မှုတွေကို စုဆောင်းခဲ့ပါတယ်။ ကျောင်းသင်ရိုးအပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရင်း နိုင်ငံရေးပိုင်း၊ ခေါင်းဆောင်မှုပိုင်းနဲ့ စီစဉ်မှုပိုင်းဆိုင်ရာစွမ်းရည်တွေကိုလည်း တိုးတက်စေခဲ့ပါတယ်။

လစာကောင်းတဲ့ ထိုင်းကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ဖို့ သူ ချဉ်းကပ်ခံခဲ့ရပြီးတော့ နိုင်ငံတကာလုပ်ငန်းကျင့်သုံးမှုတွေကို လက်တွေ့သင်ယူဖို့ အခွင့်အလမ်းကို ရရှိခဲ့ပါတယ်။ လစာမြင့်မြင့်မားမားနဲ့ ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေရတဲ့ဝန်းကျင်ကို သူသဘောကျပေမယ့် မိခင်နိုင်ငံကို ပြန်လာပြီး စီးပွားရေးတိုးတက်မှုအတွက် အလုပ်လုပ်ပေးချင်ခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးနောက် သူ့ရဲ့အထက်လူကြီးဆီ အလုပ်ထွက်စာကို အီးမေးလ်ပို့ခဲ့ပါတယ်။ “ဘာကြောင့် မြန်မာနိုင်ငံကို ပြန်ချင်ရတာလဲ။ မင်းရဲ့နိုင်ငံထက် ပိုသာတဲ့ ဒီမှာပဲ အလုပ်လုပ်ပြီး အခြေချပါ။”လို့ သူ့အထက်လူကြီးက ပြောခဲ့ပါတယ်။ “ဒီမှာ ဇိမ်ရှိတဲ့ဘဝကို နေထိုင်ခံစားရတိုင်း ငါ နေ့တိုင်း အပြစ်ရှိသလိုခံစားရတယ်။ ငါ့နိုင်ငံအတွက် အလုပ်လုပ်ပေးချင်တယ်။ ဒါကြောင့် ငါ့ကို ထွက်ခွင့်ပေးပါ”လို့ သူက ပြုံးပြီး ပြန်ဖြေခဲ့ပါတယ်။

အခုဆိုရင် ကျွန်တော်တို့ရဲ့ လူငယ်လေးဟာ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ လုပ်ငန်းရေးရာတွေကို အထောက်အပံ့ပေးရင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားအစိုးရရုံးမှာ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ “စီးပွားရေးကို အခြေခံတဲ့ တိုင်းပြည်တိုးတက်မှုမှာ ကျွန်တော့်ရဲ့ယုံကြည်ချက်က အရင်ကထက် ပိုပြီးရှင်းလင်းလာပါတယ်။ လမ်း၊တံတားစတဲ့အခြေခံအဆောက်အဦးနဲ့ လူ့အရင်းအနှီး၊ ငွေရေးကြေးရေးစနစ်စတဲ့အခြေခံအဆောက်အဦးတွေရဲ့ အရေးကြီးပုံကို သိနိုင်ပါတယ်။ ဒါပေမဲ့ စီးပွား ရေးတိုးတက်မှုမရှိဘဲ အများကြီးမလုပ်နိုင်ပါဘူး။”သူ့ရဲ့ အင်ဂျင်နီယာဘွဲ့ကို အလဟသဿဖြစ်စေတယ်လို့ မင်း ထင်သလား။ “လုပ်ငန်းကို အင်ဂျင်နီယာပိုင်းရှုထောင့်ကနေ ကြည့်ပြီး MBA ရှုထောင့်ကနေ ယင်းရဲ့အကျိုးဖြစ်ထွန်းမှုကို တွက်ချက်တဲ့အခါ ငါ့အတွက် ပိုမိုလွယ်ကူစေပါတယ်။ ဒါက အကျိုးကျေးဇူးပါပဲ။”

၂၀၀၉ ခုနှစ်ကို နောက်ပြန်ကြည့်ရင် ကျွန်တော်တို့ရဲ့လူငယ်လေးက သူလျှောက်ခဲ့တဲ့အလုပ်အကိုင် လမ်းကြောင်းကို ကြိုမမြင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရည်မှန်းချက်တွေနဲ့ ပေါ်ပေါက်လာတဲ့အခွင့်အလမ်းတွေက ပုံဖော်ခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေက ယနေ့မှာ သူ့ရဲ့ရှုမြင်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေခဲ့ပါတယ်။ စိန်ခေါ်မှုတွေ၊ အတားအဆီးတွေရှိခဲ့ပေမယ့် သူ့ရဲ့စိတ်နေစိတ်ထားက သူ့ကို အဆက်မပြတ်တိုးတက်မှုလမ်းကြောင်းပေါ်ကို ရောက်စေခဲ့ပြီး သူ့ပတ်ဝန်းကျင်က လူ့အသိုက်အဝန်းအတွက် အထောက်အကူပေးနိုင်ဖို့ နည်းလမ်းကောင်းတွေနဲ့ အခွင့်အလမ်းတွေဖြစ်စေခဲ့ပါတယ်။

 

[Zawgyi]

အလုပ္အကိုင္ေျပာင္းလဲျခင္း (အင္ဂ်င္နီယာပညာရပ္မွ လူ႔အက်ဳိးျပဳဖြံ႔ၿဖိဳးတိုးတက္မႈဆီသုိ႔)

အလုပ္အကိုင္လမ္းေၾကာင္းက ပံုစံအမ်ဳိးမ်ဳိးျဖစ္ႏိုင္ၿပီး တစ္သမတ္တည္းက ျဖစ္ခဲပါတယ္။ အလုပ္အကိုင္ကို လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ရည္မွန္းခ်က္ေတြ၊ အိပ္မက္ေတြက ပံုေဖာ္ေပးသလို လူတစ္ေယာက္ရဲ႕ ပတ္၀န္းက်င္နဲ႔ ေပၚေပါက္လာတဲ့အခြင့္အလမ္းေတြကလည္း ပံုေဖာ္ေပးပါတယ္။ေအာက္ေဖာ္ျပပါဇာတ္လမ္းမွာ စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္အျမင္ေျပာင္းလဲမႈေတြက ဘယ္လိုမ်ဳိး အလုပ္အကိုင္လမ္းေၾကာင္းကို ျဖစ္ထြန္းလာေစတယ္ဆိုတာကို ျပသထားပါတယ္။ တစ္ခါတရံမွာ ဒါက အတားအဆီးေတြ၊ ဒါမွမဟုတ္ အခြင့္အလမ္းေတြကို ယူေဆာင္လာေပးပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ့ဇာတ္လမ္းမွာ ကိုယ့္ဘ၀တိုးတက္ေရးေပၚမွာ အာရံုစိုက္တဲ့ စိတ္ေနစိတ္ထားနဲ႔ အေကာင္းဆံုးႀကိဳးစားအားထုတ္မႈက စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့ရာထူးေနရာေတြ၊ အခြင့္အလမ္းေတြကို ျဖစ္ေစႏိုင္တယ္ဆိုတာကို ျပသထားပါတယ္။ Wynee က အင္ဂ်င္နီယာေက်ာင္းသားလူငယ္ေလးတစ္ေယာက္ကေန ယခု အႀကီးတန္းစီးပြားေရး အႀကံေပးတစ္ေယာက္ျဖစ္လာသူရဲ႕ ဇာတ္လမ္းကို ေအာက္မွာ ေ၀မွ်ေပးထားပါတယ္။

“ရန္ကုန္၊ မႏၲၲၲေလးနဲ႔ ျမစ္ႀကီးနားတို႔ကို ခ်ိတ္ဆက္ေျပးဆြဲတဲ့ က်ည္ဆန္ရထားတစ္စင္းကို ကၽြန္ေတာ္ တည္ေဆာက္ခ်င္ပါတယ္။ ဒီရထားက ဂ်ပန္က ရထားလိုပဲ ျမန္ဆန္တဲ့ အရွိန္ရွိပါလိမ့္မယ္”

၂၀၀၉ ခုႏွစ္က စက္ရုပ္ပိုင္း၊ ကြန္ပ်ဳတာကိုအသံုးျပဳၿပီး စက္ကိရိယာေတြကို ထိန္းခ်ဳပ္ျခင္းပိုင္း (CNC)နဲ႔ စက္ယႏၲရားေတြကို အလုိအေလ်ာက္ထိန္းခ်ဳပ္တဲ့စနစ္ပိုင္းေတြအပါအ၀င္ အဆင့္ျမင့္အင္ဂ်င္နီယာ ဘာသာရပ္ေတြကို အထူးျပဳေလ့လာထားတဲ့ ျမန္မာဘြဲ႔ရခါစ လူငယ္ေလးတစ္ဦးဟာ သူ႔ရဲ႕ေနာက္ျဖစ္လာမယ့္အနာဂတ္ေပၚမွာ စိတ္လႈပ္ရွားေနခဲ့ပါတယ္။  ကံမေကာင္းစြာနဲ႔ သူ ဘြဲ႔ရခ်ိန္မွာ ျမန္မာႏို္င္ငံက ႏိုင္ငံေရးအေျခအေနက စိန္ေခၚမႈေတြရွိေနၿပီး စီးပြားေရးက႑ကလည္း အေျခမခိုင္ျဖစ္ေနခဲ့ပါတယ္။ ဆိုင္ကလုန္းနာဂစ္က ရြာသူရြာသားေတြကေန ဗိုလ္ခ်ဳပ္ႀကီးေတြအဆံုး ကၽြန္ေတာ္တို႔အားလံုးကို ထိခိုက္ေစခဲ့ပါတယ္။ ျမန္မာ့ႏိုင္ငံေရးေျပာင္းလဲမႈက ၂၀၀၇ ခုႏွစ္မွာျဖစ္ပြားခဲ့တဲ့ ေရႊ၀ါေရာင္ေတာ္လွန္ေရးနဲ႔ ၂၀၀၈ ခုႏွစ္က ျဖစ္ခဲ့တဲ့ ဆိုင္ကလုန္းနာဂစ္မုန္တိုင္းေၾကာင့္လို႔ လူေတာ္ေတာ္မ်ားမ်ားက ယံုၾကည္ၾကပါတယ္။ ကုမၸဏီေတြက လုပ္ငန္းတိုးခ်ဲ႕ဖို႔အစီအစဥ္ေတြကို ရပ္ဆိုင္းခဲ့ရသလို တခ်ဳိ႕က မၿငိမ္မသက္မႈေတြေၾကာင့္ သူတို႔လုပ္ငန္းကို ပိတ္ပစ္ခဲ့ၾကပါတယ္။ ဇာတ္လမ္းထဲက လူငယ္ေလးကလည္း အလုပ္ေပါင္းမ်ားစြာကို ေလွ်ာက္ခဲ့ေပမယ့္ နည္းပညာပိုင္းဆိုင္ရာ အင္ဂ်င္နီယာ အလုပ္တစ္ခုေလးေတာင္ မရရွိခဲ့ပါဘူး။ ဒါက အံ့ၾသစရာေတာ့မဟုတ္ပါ။

“မင္း ေငြ ခုနစ္သန္းယူလာရင္ ေလယာဥ္လက္မွတ္၊ ဗီဇာနဲ႔ စင္ကာပူမွာ အလုပ္တစ္ခုရေအာင္ ငါ စီစဥ္ေပးမယ္။ သံုး၊ ေလးလၾကာရင္ အရင္းေက်ႏိုင္ပါတယ္။ ျမန္မာႏိုင္ငံက အင္ဂ်င္နီယာအားလံုးနီးပါး ဒီမွာရွိတယ္။” အလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီက ကၽြန္ေတာ္တို႔ရဲ႕လူငယ္ေလးကို စင္ကာပူူမွာ အလုပ္လုပ္ဖို႔ ဆြဲေဆာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္က လူငယ္ေတြၾကားမွာ စင္ကာပူကိုေျပာင္းေရႊ႕ၿပီး ေကာင္းမြန္တဲ့အလုပ္တစ္ခုရရွိဖို႔က ေရပန္းစားခဲ့ပါတယ္။ အလားအလာေတြရွိေပမယ့္ ႏိုင္ငံခ်စ္စိတ္ေၾကာင့္ ျမန္မာႏိုင္ငံကေန မထြက္ခြာသြားခ်င္ဘူး။ ရင္းႏွီးရမယ့္အခြင့္အလမ္းစရိတ္က ျမင့္မားတာေၾကာင့္လည္း ပါပါတယ္။

ဘြဲ႔ရၿပီးေနာက္ သူက လမ္းေၾကာင္းေျပာင္းခဲ့ပါတယ္၊ သူ႔ရဲ႕အင္ဂ်င္နီယာဘြဲ႕ကို ေဘးခ်ိတ္ထားလိုက္ၿပီး နာမည္ႀကီးျပည္တြင္းလုပ္ငန္းနဲ႔ ဂ်ပန္လုပ္ငန္းတုိ႔ပူးတြဲလုပ္ေဆာင္ေနတဲ့ အစိုးရမဟုတ္ေသာအဖြဲ႔အစည္း (NGO) တစ္ခုကေန အလုပ္ကမ္းလွမ္းမႈကို ရရွိခဲ့ပါတယ္။ ဒီ NGO က ျပန္လည္ထူေထာင္ေရးျဖစ္စဥ္မွာ ေဘးအႏၲရာယ္ထဲမွာ က်ေရာက္ခံစားခဲ့ရတဲ့ ေဒသခံလူေတြရဲ႕ အသိဥာဏ္ဗဟုသုတေတြနဲ႔ လုပ္ႏိုင္စြမ္းတည္ေဆာက္ေရးေတြကို အားေကာင္းေအာင္ကူညီေပး ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ လူငယ္ေလးဟာ သူ႕ရဲ႕ဇာတိၿမိဳ႕ကေန မစြန္႔ခြာခဲ့တဲ့ ၿမိဳ႕သားေလးတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕အလုပ္ေနရာအသစ္မွာ နာဂစ္သာမက ကာလရွည္ၾကာစြာဆင္းရဲမြဲေတမႈက ျဖစ္ေပၚေစခဲ့တဲ့ သက္ေရာက္မႈေတြကို ခံစားေနၾကရတဲ့ ျပည္သူလူထုရဲ႕ အေျခအေနအစစ္အမွန္ေတြကို သူ ႀကံဳေတြ႕ခဲ့ပါတယ္။

ဆင္းရဲမြဲေတမႈရဲ႕အေၾကာင္းအရင္းခံ၊ ၿမိဳ႕ျပကိုေရႊ႕ေျပာင္းမႈနဲ႔ နီးစပ္ရာစက္ရံုေတြ၊ အလုပ္အကိုင္ေတြက လူေနမႈအရည္အေသြးကို ဘယ္ေလာက္တိုးတက္ေစႏိုင္တယ္ဆိုတာေတြကို စဥ္းစားခဲ့ပါတယ္။ သူ႔ရဲ႕ရႈျမင္ခ်က္ေတြက က်ယ္ျပန္႔လာခဲ့ပါတယ္။ NGO ရဲ႕ ျပည္တြင္းအက်ဳိးသက္ေရာက္မႈအေပၚကို သူ တန္ဖိုးထားခဲ့ၿပီး စီးပြားေရးတိုးတက္မႈကသာလွ်င္ ဆင္းရဲမြဲေတမႈနဲ႔ ယင္းရဲ႕ေနာက္ဆက္တြဲျပႆနာေတြကို ေျဖရွင္းႏိုင္တယ္ဆိုတာကို ယံုၾကည္ခဲ့ပါတယ္။

ကၽြန္ေတာ္တို႔လူငယ္ေလးရဲ႕ အဲဒီအခ်ိန္က အလုပ္အကိုင္လမ္းေၾကာင္းနဲ႔ ရည္မွန္းခ်က္ေတြက သူ႔ အတန္းေဖာ္ေဟာင္းေတြနဲ႔ အမ်ားႀကီးကြာျခားခဲ့ပါတယ္။  သူ႔အတန္းေဖာ္ေတြက စက္ရံုမွာ၊ သို႔မဟုတ္ ႏိုင္ငံျခားမွာ သူတို႔ရဲ႕ အင္ဂ်င္နီယာပိုင္းဆိုင္ရာ အရည္အခ်င္းေတြကို တိုက္ရိုက္အသံုးခ်ၿပီး အလုပ္လုပ္ေနၾကၿပီျဖစ္ပါတယ္။ သူက သူ႔ရဲ႕လမ္းေၾကာင္းကို ေျပာင္းလဲၿပီး လုပ္ငန္းအေတြ႕အႀကံဳရရွိဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ Supply Chain Executive တစ္ေယာက္အေနနဲ႔ ျပည္တြင္းကုမၸဏီတစ္ခုမွာ အလုပ္၀င္ခဲ့ပါ တယ္။ အဓိကအားျဖင့္ ကုန္သြယ္ေရး၊ Logistics ပိုင္းနဲ႔ ကုန္စည္ထိန္းခ်ဳပ္ျခင္းဆိုင္ရာ က်ယ္ျပန္႔တဲ့စီးပြားေရး လုပ္ငန္းစဥ္ေတြကို လုပ္ေဖာ္ကိုင္ဖက္ေတြကေန လူငယ္ေလးက သင္ယူခဲ့ပါတယ္။ စီးပြားေရးလုပ္ငန္းသဘာ၀၊ အထူးသျဖင့္ အစီအစဥ္ဆြဲျခင္း၊ ၀ယ္ယူေရးပိုင္း၊ Sourcing ပိုင္း၊ ကုန္က်စရိတ္ဖြဲ႔စည္းပံုနဲ႔ မဟာဗ်ဴဟာေဖာ္ေဆာင္မႈစတဲ့ လုပ္ငန္းလည္ပတ္မႈဆိုင္ရာေတြကို နားလည္ဖို႔က အင္ဂ်င္နီယာတစ္ေယာက္အတြက္ မလြယ္ကူခဲ့ပါဘူး။ ႏွစ္အနည္းငယ္ၾကာၿပီးေနာက္ လုပ္ငန္းပိုင္းနဲ႔ပတ္သက္ၿပီး ဗဟုသုတကို အေတာ္အသင့္ရရွိခဲ့ေၾကာင္း၊ ဒါေပမဲ့ ပညာရပ္ပိုင္းဆိုင္ရာ သီအိုရီနဲ႔ သူ႔ရဲ႕စြမ္းရည္ကို တိုးတက္ေအာင္လုပ္ဖို႔ လိုအပ္တယ္ဆိုတာကို သူ နားလည္ခဲ့ပါတယ္။ MBA ဘြဲ႕ကို ႏိုင္ငံျခားမွာ တက္ေရာက္ဖို႔ သူဆံုးျဖတ္ခဲ့ပါတယ္။

သူ႔သူငယ္ခ်င္းေတြက သူ႔ကို ေလွာင္ရယ္ခဲ့ၿပီး “သာမန္မိသားစုကလာတဲ့ လူငယ္ေလးတစ္ေယာက္က ႏိုင္ငံျခားမွာ MBA တက္ေရာက္ေလ့လာခ်င္တာက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ” ဆိုၿပီး ေျပာဆိုခဲ့ၾကပါတယ္။ MBA ေက်ာင္းသားေတြကို သာမန္အားျဖင့္ ပညာသင္ဆုေတြမေပးပါဘူး။ သူ႔မိသားစုကလည္း သူ႔ကို ေထာက္ပံ့ဖို႔ မတတ္ႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ သူ ပညာသင္ဆုအျပည့္အ၀ရခဲ့ပါတယ္။ သူ႔ရဲ႕ MBA ခရီးစဥ္အတြင္းမွာ ပညာရပ္ပိုင္းဆိုင္ရာ ခ်ဥ္းကပ္မႈေတြ၊ အဆက္အသြယ္ေကာင္းေတြနဲ႔ ႏိုင္ငံတကာစီးပြားေရးလက္ေတြ႕ က်င့္သံုးမႈေတြအေပၚ နားလည္မႈေတြကို စုေဆာင္းခဲ့ပါတယ္။ ေက်ာင္းသင္ရိုးအျပင္ တကၠသိုလ္ေက်ာင္းသားသမဂၢရဲ႕ ဥကၠ႒အျဖစ္ တာ၀န္ထမ္းေဆာင္ရင္း ႏိုင္ငံေရးပိုင္း၊ ေခါင္းေဆာင္မႈပိုင္းနဲ႔ စီစဥ္မႈပိုင္းဆို္င္ရာစြမ္းရည္ေတြကိုလည္း တိုးတက္ေစခဲ့ပါတယ္။

လစာေကာင္းတဲ့ ထိုင္းကုမၸဏီႀကီးတစ္ခုမွာ အလုပ္လုပ္ဖို႔ သူ ခ်ဥ္းကပ္ခံခဲ့ရၿပီးေတာ့ ႏိုင္ငံတကာလုပ္ငန္းက်င့္သံုးမႈေတြကို လက္ေတြ႕သင္ယူဖို႔ အခြင့္အလမ္းကို ရရွိခဲ့ပါတယ္။ လစာျမင့္ျမင့္မားမားနဲ႔ ကုမၸဏီႀကီးမွာ အလုပ္လုပ္ေနရတဲ့၀န္းက်င္ကို သူသေဘာက်ေပမယ့္ မိခင္ႏိုင္ငံကို ျပန္လာၿပီး စီးပြားေရးတိုးတက္မႈအတြက္ အလုပ္လုပ္ေပးခ်င္ခဲ့ပါတယ္။ လအနည္းငယ္ၾကာၿပီးေနာက္ သူ႔ရဲ႕အထက္လူႀကီးဆီ အလုပ္ထြက္စာကို အီးေမးလ္ပို႔ခဲ့ပါတယ္။ “ဘာေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္ခ်င္ရတာလဲ။ မင္းရဲ႕ႏိုင္ငံထက္ ပိုသာတဲ့ ဒီမွာပဲ အလုပ္လုပ္ၿပီး အေျခခ်ပါ။”လို႔ သူ႔အထက္လူႀကီးက ေျပာခဲ့ပါတယ္။ “ဒီမွာ ဇိမ္ရွိတဲ့ဘ၀ကို ေနထိုင္ခံစားရတိုင္း ငါ ေန႔တုိင္း အျပစ္ရွိသလိုခံစားရတယ္။ ငါ့ႏိုင္ငံအတြက္ အလုပ္လုပ္ေပးခ်င္တယ္။ ဒါေၾကာင့္ ငါ့ကို ထြက္ခြင့္ေပးပါ”လို႔ သူက ၿပံဳးၿပီး ျပန္ေျဖခဲ့ပါတယ္။

အခုဆိုရင္ ကၽြန္ေတာ္တို႔ရဲ႕ လူငယ္ေလးဟာ စီးပြားေရး၊ ကူးသန္းေရာင္း၀ယ္ေရးနဲ႔ လုပ္ငန္းေရးရာေတြကို အေထာက္အပံ့ေပးရင္း ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံျခားအစိုးရရံုးမွာ အလုပ္လုပ္ကိုင္လ်က္ရွိပါတယ္။ “စီးပြားေရးကို အေျခခံတဲ့ တိုင္းျပည္တိုးတက္မႈမွာ ကၽြန္ေတာ့္ရဲ႕ယံုၾကည္ခ်က္က အရင္ကထက္ ပိုၿပီးရွင္းလင္းလာပါတယ္။ လမ္း၊တံတားစတဲ့အေျခခံအေဆာက္အဦးနဲ႔ လူ႔အရင္းအႏွီး၊ ေငြေရးေၾကးေရးစနစ္စတဲ့အေျခခံအေဆာက္အဦးေတြရဲ႕ အေရးႀကီးပံုကို သိႏိုင္ပါတယ္။ ဒါေပမဲ့ စီးပြား ေရးတိုးတက္မႈမရွိဘဲ အမ်ားႀကီးမလုပ္ႏိုင္ပါဘူး။”သူ႔ရဲ႕ အင္ဂ်င္နီယာဘြဲ႔ကို အလဟႆ    ျဖစ္ေစတယ္လို႔ မင္းထင္သလား။ “လုပ္ငန္းကို အင္ဂ်င္နီယာပိုင္းရႈေထာင့္ကေန ၾကည့္ၿပီး MBA ရႈေထာင့္ကေန ယင္းရဲ႕အက်ဳိးျဖစ္ထြန္းမႈကို တြက္ခ်က္တဲ့အခါ ငါ့အတြက္ ပိုမိုလြယ္ကူေစပါတယ္။ ဒါက အက်ဳိးေက်းဇူးပါပဲ။”

၂၀၀၉ ခုႏွစ္ကို ေနာက္ျပန္ၾကည့္ရင္ ကၽြန္ေတာ္တုိ႔ရဲ႕လူငယ္ေလးက သူေလွ်ာက္ခဲ့တဲ့အလုပ္အကိုင္ လမ္းေၾကာင္းကို ႀကိဳမျမင္ႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ သူ႔ရည္မွန္းခ်က္ေတြနဲ႔ ေပၚေပါက္လာတဲ့အခြင့္အလမ္းေတြက ပံုေဖာ္ခဲ့တဲ့ သူ႔ရဲ႕အေတြ႕အႀကံဳေတြက ယေန႔မွာ သူ႔ရဲ႕ရႈျမင္ခ်က္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေစခဲ့ပါတယ္။ စိန္ေခၚမႈေတြ၊ အတားအဆီးေတြရွိခဲ့ေပမယ့္ သူ႔ရဲ႕စိတ္ေနစိတ္ထားက သူ႔ကို အဆက္မျပတ္တိုးတက္မႈလမ္းေၾကာင္းေပၚကို ေရာက္ေစခဲ့ၿပီး သူ႔ပတ္၀န္းက်င္က လူ႔အသိုက္အ၀န္းအတြက္ အေထာက္အကူေပးႏိုင္ဖို႔ နည္းလမ္းေကာင္းေတြနဲ႔ အခြင့္အလမ္းေတြျဖစ္ေစခဲ့ပါတယ္။

 

Tips for Career Change: Engineering to humanitarian development

     A career path can take many forms, and rarely is it linear. A career is shaped not only by one’s own ambitions and dreams, but also by one’s surroundings and the opportunity sets available. The story below shows how the economy, politics, and even our own changing views of the world can cause a career path to evolve. Sometimes this brings setbacks, other times, opportunities, but as the story below shows, a mindset focused on self-improvement and how one can best contribute can lead to exciting roles and opportunities. Wynee shares the story below of a young engineering student, now a senior economic advisor:

“I want to build a magnetic levitation train linked to Yangon, Mandalay and Myitkyina. It will be high speed train as Japanese” In 2009, A fresh Maynamar graduate, specialized in advanced engineering including robotics, CNC and automation, was excited about his upcoming future.

     Unfortunately, the time he graduated presented a challenging political situation and fragility in every business sector in Myanmar. Cyclone Nargis wounded us all, from villagers to senior generals. Many people believe that Myanmar political change resulted from a saffron revolution in 2007 and Cyclone Nargis in 2008. Companies suspended their business plans for expansion and some even closed down due to expected chaos. Our young candidate did not get a single technical engineering job, though he applied to many,  and this is no surprise.

     “If you bring 7 million MMK, I will arrange air ticket, visa and job at Singapore. It can be breakeven after 3 to 4 months later. Almost all Myanmar engineers are here” An employment agency persuaded our young candidate to work in Singapore. At that time, Singapore was very popular among young talent to migrate there and get a decent job. Despite the prospect, he would not leave the country because of his patriotism and of course high opportunity cost.

     After graduation, he changed gears, put his engineering degree aside, and got an offer from an NGO which was jointly operated between a famous local organization and Japanese one. The NGO strengthened the knowledge of local people on disasters and capacity building in the recovery process. Our young candidate was an urban guy who never left his native town. In his new role, he experienced the real situation of local people suffering the impacts which were not only created by Nargis but also from long-standing poverty. He started to consider the root cause of the poverty, urban migration and how nearby factories and employment could improve quality of living. His perspective changed from micro to macro. While he valued the NGO’s local impact, he started to believe that only economic development could to tackle poverty and its complications.

     Our candidate’s path and ambitions at this point in his career was vastly different from that of his former classmates. His classmates already worked in factories or abroad, directly apply their engineering skills. He decided to change his path and gain business experience, and joined a local company as an executive managing the supply chain. He learned broad business processes especially trading, logistics and stock control from his fellow colleagues. It was not easy for engineer to understand business nature especially operation such as planning, purchasing, sourcing, cost structure and strategy formulation. After couple of years, he realized that he got certain level of knowledge about business but needed to bolster his skills with academic theory. He decided to study MBA abroad.

    His friends laughed at him and said “how could it be possible as a guy from average family wants to study abroad specializing in MBA”. MBA students are not ordinarily offered scholarships, and his family couldn’t afford to support him. However, he got a full scholarship, and during his MBA journey, he gathered academic approaches, a strong network and an understanding of international practices. Apart from curriculum, he developed political, leadership and organizational skills by serving as president of the university student union.

     He was approached to work at one of the Thai conglomerates with decent pay and had the opportunity to learn international business practices first hand. While he enjoyed the environment, working at big company with high pay but he sought to return to the homeland and work for economic development. Few months later, he sent an email to his boss about his resignation. “Why do you want to go back to Myanmar? Just work and settle here which is much better than your country” his boss said. “I feel guilty everyday whenever I experience luxury life in here. I owe it to my country to work so please let me go.” he smiled in reply.

     Now our candidate works in a foreign government office in Yangon, supporting economic, commercial and business activities. “My belief in economic based regional development is more clear than ever. You can see the importance of hard and soft infrastructure but you can’t do very much without economic development”. Do you think he waste his engineering degree? “It is much easier when I look at business firm from engineering perspective and evaluate its prosperity from MBA view. It is quite advantageous”

     Back in 2009, our candidate could never have predicted the path that his career took, but his experiences, moulded by both his ambitions and opportunity set, have imbued in him a diversity of viewpoints that enrich his perspective today. Despite challenges and setbacks, his mindset set him on a path of continuous improvement that led to improving opportunities and better ways for him to contribute to the community around him.