You owe it to your friends to be different
You owe it to your friends to be different
Career Advice Help & Support Management Personal Growth Upgrade Yourself
[Zawgyi]
[Unicode]
သင့်မိတ်ဆွေတွေနဲ့မတူ တစ်မူထူးခြားပါစေ၊ သင့်အိပ်မက်ကိုသာ အကောင်အထည်ဖော်လိုက်ပါ (သင့်မိတ်ဆွေတွေနဲ့မတူ တစ်မူထူးနေဖို့ သင့်တာဝန်)
သင့်ဘဝရဲ့ နာရီပေါင်း ၈၅၀၀၀ကို လုပ်ငန်းခွင်မှာပဲ ကုန်ဆုံးရမှာပါ - သင်တစ်ကယ်နှစ်သက်တာကိုသာ ရွေးပါ။
သင့်မိတ်ဆွေတွေနဲ့ တူညီတဲ့အရည်အချင်းရှိနေပြီဆိုရင်တော့ သေချာပါတယ်၊ လုပ်ငန်းခွင်မှာ အပြိုင်အဆိုင်တွေများတော့မှာဆိုတာ၊
အများနဲ့မတူ တစ်မူဆန်းနေတယ်ဆိုတာ သင်က အောင်မြင်တဲ့ အလုပ်အကိုင်အခွင့်အလမ်း ရတော့မယ်ဆိုတာပါပဲ။
လူတိုင်းကိစ္စတစ်ခုထဲကိုပဲလုပ်နေကြမယ်ဆိုရင် လစ်လပ်တဲ့ရာထူးနည်းနည်းလေးအတွက် အရည်အချင်းပြည့်မီတဲ့သူတွေ များနေမှာ၊ အဲ့လိုအခြေအနေမျိုးက များလာမယ်ဆိုရင် လူတိုင်းနီးပါး တစ်ခုမဟုတ် တစ်ခုတော့ ခံစားရမှာပဲ။ နှစ်စဉ် လူထုဆက်ဆံရေးမေဂျာ ဘွဲ့ရအယောက် ၆၀၀၀ ရှိပေမဲ့ လစ်လပ်တဲ့ ရာထူးက ၃၀၀ပဲရှိတယ်။ လူအများစုက ဒီမေဂျာကို ရွေးကြတယ်ဆိုတာ နာမည်ကြီးလို့ရွေးကြတယ်၊ ကျောင်းလဲပြီးရော လုပ်ငန်းနေရာအနည်းစုအတွက် သူငယ်ချင်းတွေနဲ့ ပြိုင်ဆိုင်ကြရတယ်။ သင်နဲ့ သင့်မိတ်ဆွေက တူညီတဲ့ အရည်အချင်းကို ပိုင်ဆိုင်ကြပြီး ပြိုင်နေတာက နှစ်ဘက်လုံးအတွက် အကျိုးမရှိဘူး။ အခု မြန်မာနိုင်ငံစီးပွားရေးက နိုင်ငံတစ်ကာ အာရုံစိုက်မှုရနေတာဖြစ်လို့  မတူညီတဲ့အရည်အချင်းတွေလဲ လိုလာမှာ၊ ဒီလိုဆို သူများနဲ့မတူ တစ်မူဆန်းတဲ့ အရည်အချင်းရှိတဲ့သူူတွေက ပိုပြီး အခွင့်အလမ်းရကြမှာပဲ။ သူများနဲ့မတူ တစ်မူဆန်းတဲ့ အရည်အချင်းရထားတယ်ဆိုတာ သင့်အတွက်သာ သင်အလုပ်လုပ်နေတာပါ။ သင့်အထက်လူကြီး သင်သာ ဖြစ်ပါစေ။ ခရီးထွက်လိုက်၊ ကိုယ့်အရည်အချင်း ကိုယ့်တန်ဖိုး ကိုယ်တိုင် တံဆိပ်ကပ်လိုက်။ သေချာပါတယ် သင်သာ သင့်မိတ်ဆွေတွေနဲ့ ဆင်တူနေမယ်ဆိုရင် ဒါတွေက ဖြစ်လာမှာ မဟုတ်ဘူး။
သင့်ရဲ့ဝါသနာနဲ့ အရည်အချင်းတွေကို ပြန်စိစစ်ကြည့်၊ အလုပ်အကိုင်လမ်းကြောင်းက သူ့အလိုလိုတွေ့လာလိမ့်မယ်။ ကျွန်တော်က လူတွေကို ဖျော်ဖြေပေးရတာကိုကြိုက်လို့ ဟာသသရုပ်ဆောင်လုပ်ဖို့စဉ်းစားခဲ့တာ။ လူတွေကို ဦးဆောင်လေ့ကျင့်ပေးတဲ့နေရာမှာလည်းတော်တော့ ငယ်ငယ်ကဆို ကျောင်းဘောလုံးအသင်းရဲ့ နည်းပြလုပ်ခဲ့တယ်။ ပြီးတော့ ကျွန်တော်က လူတွေကို ကူညီဖို့နဲ့ နိုင်ငံရေးမှာလဲ စိတ်ဝင်စားသေးတယ်။ ဒါပေမဲ့ မိသားစုရဲ့တွန်းအားကြောင့်  စီးပွားရေးဘွဲ့ယူဖို့ဖြစ်လာတယ်။ ကျွန်တော်လည်း လူသားအရင်းအမြစ်ဌာနမှာလုပ်နေရင်းနဲ့ သိလာတာက သင်တန်းပို့ချတာဖြစ်ဖြစ် လက်တွေ့သင်ပေးတဲ့အချိန်ဖြစ်ဖြစ် ကျွန်တော်က လူတွေကို ပျော်ရွှင်အောင် ရီအောင်လုပ်နေတာကိုပဲ။ အကျိုးအမြတ်မယူ လူတွေကိုကူညီရင်းနဲ့ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော့်ကို ကျွန်တော် နိုင်ငံရေးမှာ စိတ်ပါဝင်စားလာတာကို သိလာတယ်။ ကျွန်တော်ရင်းနှီးမြှုပ်နှံလိုက်ရတာက များပေမဲ့ ကိုယ်ရွေးချယ်မှုတွေကို ကိုယ်တိုင်လုပ်ခွင့်ရတယ်လေ။ သင်လဲ သင့် အလုပ်အကိုင်ကို ပြန်လေ့လာပြီး ဒီလိုမျိုးဖြစ်ချင်လာမှာပါ။ အကယ်၍ သင်သာ အလုပ်အကိုင်တစ်ခုကို လုပ်ချင်လာတယ်ဆိုရင် အဲ့တာက သင့်စိတ်ဆန္ဒပါတာပဲဖြစ်သင့်တယ်။ မိတ်ဆွေဆိုတာက ငါတို့နဲ့အတူလာလုပ်လို့ပြောမဲ့အစား ကောင်းတယ် ဆက်လုပ်လို့ တွန်းအားပေးတဲ့သူတွေပဲ ဖြစ်သင့်တယ်။ သင့်ဆုံးဖြတ်ချက်အတွက် သင်ကိုယ်တိုင်သာ တာဝန်ရှိတာပါ။
Matthew Gosney က လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ထောက်ပံရေးလုပ်ငန်းတွေမှာလုပ်နေသော သြစတြေးလျ လူသားအရင်းအမြစ် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။
You owe it to your friends to be different
Be Different from Your Friends, Follow Your Own Dreams.
  • You will spend 85,000 hours at work in your life – choose something YOU like
  • Having the same skills as you friends’ means you will compete with them in the job market
  • Being unique means you are more likely lead a more successful and lucrative career
If everyone did the same thing there would be too many qualified people for too little positions.  This is a skills bubble, and when it burst, everyone suffers. Every year there are 6000 communications degree graduates and only 300 jobs. Many only choose this major because it is popular, but after graduation compete with their classmates for very few positions. You and your friends have created a bubble and potentially neither of you stand to benefit. The Myanmar economy is increasingly gaining international interest, a diverse array of skills will be required,and those with the most unique skill sets are ultimately the most marketable. Having a uniquely desirable skill set also means you might be able to work for yourself! Be your own boss! Travel! Name your own price! Following your friends in most cases won’t provide this.
Reflect on your own skills and interests and a career path will follow. I enjoyed entertaining people and wanted to pursue comedy, but I was also good at training people – from my early teens I was sports coach. I was also interested in helping people and politics. I was pressured by my family to do a business degree, just in case. I found myself in human resources, and here I train and lecture and also make people laugh while learning something. From there I found myself in non-for-profits and later humanitarian aid – helping people and engrossing myself in politics. I have sacrificed big dollars but my choices have been my own, and they melded into a credible and progressive career path. You will look back on your career path and most likely do the same. If a career path or business venture becomes something you want to pursue, it should come from your own desires. A friend should be saying ‘yeah, go for it’ rather than ‘Nah, do this with us’. You owe it to yourself to think for yourself!
Matthew Gosney is an Australian Human Resources Professional working in the Humanitarian and Development Aid industries.